Lovely One

Ketanji Brown Jackson
  •  25 min
  •  Audio Available

ဒီစာအုပ်က အမေရိကန် တရားရုံးချုပ်ရဲ့ ပထမဆုံးအမျိုးသမီး တရားသူကြီး ကန်တက်ဂျီ ဘ‌ရောင်း ဂျက်ဆန်ရဲ့ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ ဖြစ်ပါတယ်။ လူမျိုးရေးခွဲခြားတဲ့ တောင်ပိုင်းကနေ စခဲ့တဲ့ သူ့မိသားစု နောက်ခံသမိုင်းကနေစပြီး ဟားဗဒ်မှာ ပညာသင်ယူခဲ့ပုံ၊ တရားရုံးချုပ်မှာ သူ့ရာထူး အတည်ပြုခံခဲ့ရပုံအထိ ဖော်ပြထားတာပါ။ စာရေးသူက ကိုယ်ပိုင်လက္ခဏာ (identity)၊ ခံနိုင်ရည်ရှိမှု (resilience)၊ တရားမျှတမှု (justice)၊ ပြည်သူ့အတွက် အလုပ်လုပ်ရင်းနဲ့ ကိုယ်ပိုင်ဘဝကို မျှတအောင် ထိန်းထားနည်းတွေကို ပြန်လည် သုံးသပ်ပြထားပါတယ်။ မိသားစု၊ ဘိုးဘွားအမွေအနှစ်နဲ့ ဇွဲရှိမှုတွေက သူ့ဘဝကို ပုံဖော်ပေးခဲ့ပုံတွေကို မီးမောင်းထိုးပြထားပါတယ်။ သူဟာ ကိုယ်ပိုင်အောင်မြင်မှုအပြင် အားလုံးရဲ့တိုးတက်မှုကိုပါ ကိုယ်စားပြုတဲ့ ခေါင်းဆောင်တစ်ဦး ဖြစ်လာပုံကိုလည်း ဖော်ပြထားပါတယ်။ ဒီစာအုပ်ဟာ ကိုယ်ရေးကိုယ်တာ မှတ်တမ်း တစ်ခုဖြစ်သလို၊ အမေရိကန်နိုင်ငံမှာ တန်းတူညီမျှမှုအတွက် ဆက်လက်ကြိုးစားနေရတဲ့ ရုန်းကန်မှုတွေ ကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ရောင်ပြန်ဟပ်နေတဲ့စာအုပ် ဖြစ်ပါတယ်။


    •         ခွဲခြားဆက်ဆံခံရသူများ၊
    •         မတရားမှုကို ခံနေရသူများ၊
    •         စိတ်ဓာတ်ခွန်အား လိုအပ်နေသူများ။


    •         ကီတန်ဂျီဘရောင်းဂျက်ဆန် ပထမဆုံး လူမည်းအမျိုးသမီးတရားသူကြီး ဖြစ်လာခဲ့ပုံအကြောင်း၊
    •         ငယ်စဉ်ကတည်းက ခွဲခြားဆက်ဆံခံခဲ့ရပုံအကြောင်း၊
    •         အောင်မြင်မှု ရချိန်မှာ ဘဝင်မြင့် မသွားတဲ့ အကြောင်း။