ကျွန်မတို့အားလုံးမှာ အရာရာကို ထိန်းချုပ်လိုစိတ်၊ လွှမ်းမိုးချင်စိတ် နက်ရှိုင်းစွာ ရှိကြပါတယ်။ ဒါကြောင့်မို့လည်း ကျွန်မတို့ဟာ ကိုယ့်ပတ်ဝန်းကျင်က လူတွေနဲ့အခြေအနေတွေကို ကိုယ့် မျှော်မှန်းချက်၊ ကိုယ့်အကြိုက်နဲ့ကိုက်ညီအောင် ကြိုးစားပုံဖော်တတ်ကြတာပါ။ ဒါက အဓိပ္ပာယ် မရှိတဲ့လုပ်ရပ်သာ ဖြစ်ပါတယ်။ နောက်ဆုံးမှာ အလိုမကျမှုတွေ၊ စိုးရိမ်ပူပန်မှုတွေနဲ့အတူ ကိုယ့် ဘေးနားကလူတွေနဲ့ ပဋိပက္ခဖြစ်ရတာပဲ အဖတ်တင်ပါလိမ့်မယ်။ တစ်ပါးသူကို ထိန်းချုပ်ဖို့ ကြိုးစားမဲ့ အစား၊ ကိုယ့်စိတ်ကိုသာ ပြုပြင်ပြောင်းလဲသင့်တာပါ။ တစ်ပါးသူရဲ့အတွေး၊ ခံစားချက်နဲ့ လုပ်ရပ်တွေကို အာရုံစိုက်နေမဲ့အစား၊ ကိုယ်လုပ်နိုင်တာကိုပဲ အာရုံစိုက်သင့်ပါတယ်။
လောကမှာ ကျွန်မတို့ ထိန်းချုပ်နိုင်တဲ့အရာက ကျွန်မတို့ကိုယ်ကျွန်မတို့နဲ့ ကျွန်မတို့ရဲ့ တုံ့ပြန်မှုတွေသာ ဖြစ်ပါတယ်။ ဒါကြောင့် အခြားသူတွေကို ကိုယ့်အကြိုက် ပြုပြင်ပြောင်းလဲဖို့ ကြိုးစားမဲ့အစား သူတို့ရဲ့ နဂိုသဘာဝအတိုင်း လက်ခံနိုင်အောင် ကြိုးစားကြည့်ပါ။ ဒီအလှည့် အပြောင်းက သင့်ကို အခြားသူတွေရဲ့အပြုအမူနဲ့အတွေးတွေကို စီမံဖို့ ကြိုစားအားထုတ်နေရတဲ့ စိတ် ပင်ပန်းစရာ သံသရာကနေ လွတ်မြောက်ဖို့ ကူညီပေးနိုင်ပါတယ်။
ကျွန်မတို့အားလုံး တစ်ပါးသူကို ပြုပြင်ပြောင်းလဲလို့ မရနိုင်ပါဘူး။ ကိုယ့်ကိုယ်ကိုယ်သာ ပြုပြင်ပြောင်းလဲနိုင်ပါတယ်။ ဒီအမှန်တရားကိုလက်ခံပြီး အခြားသူတွေအပေါ် လွှမ်းမိုးခြယ်လှယ်ချင် တဲ့စိတ်ကို ရပ်တန့်လိုက်ပါ။ အဲဒီအစား သင့်အတွေး၊ သင့်လုပ်ရပ်တွေကို ပိုပြီးအာရုံစိုက်ပါ။ ဒါက သင့်ကို ပိုအေးချမ်းတဲ့ဘဝ၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတဲ့ဘဝ၊ ကိုယ့်ကိုယ်ကိုယ် အကောင်းဆုံး ဖန်တီးနိုင်တဲ့ဘဝရောက်အောင် တွန်းပို့ပေးနိုင်ပါတယ်။
No New Notifications