သင့်မှာ ရှင်းလင်းတဲ့ပန်းတိုင်တွေလည်းရှိတယ်၊ ဒါတွေကို အောင်မြင်နိုင်စွမ်းလည်းရှိတယ်။ ဒါ ပေမဲ့ သင့်အောင်မြင်မှုအတွက် သင်ကိုယ်တိုင်က အတားအဆီးဖြစ်နေတယ်။ ဘာကြောင့်ပါလဲ။ တ ကယ်တော်၊ တကယ်ထက်ပြီး လုံ့လဝီရိယထက်သန်သူတွေတောင် တစ်ခါတရံ လမ်းချော်သွားတတ် ကြပါတယ်။ အကြောင်းအရင်းက ဘာလဲ။ ဒါတွေကို ကျော်လွှားဖို့ ဘာတွေလုပ်သင့်သလဲ။ ဒီစာအုပ်က သင့်ကိုယ်သင်အဟန့်အတားဖြစ်စေတဲ့သဘောထားတွေကို ဖော်ထုတ်ပေးနိုင်တဲ့အပြင် ဒီသဘော ထားတွေဖြစ်လာရတဲ့ စိတ်ပိုင်းဆိုင်ရာအရင်းအမြစ်တွေကိုလည်း သိရှိနားလည်စေပါတယ်။ ပြီးတော့ သင့်တက်လမ်းအတွက် အဟန့်အတားဖြစ်စေတဲ့အလေ့အထတွေကို ဘယ်လိုဖျောက်ဖျက်ရမယ်ဆို တဲ့ နည်းဗျူဟာတွေကိုလည်း ဖော်ပြထားပါတယ်။
ဥပမာ - နှစ်တစ်နှစ်ပြောင်းသွားတာနဲ့ ဒီနှစ်တော့ “ငါ့ဘဝကို တစ်ခုခုပြောင်းလဲအောင် ကြိုး စားရမယ်”ဆိုပြီး ဆုံးဖြတ်ချက်တွေချခဲ့တာ ဘယ်နှစ်ကြိမ်လောက်ရှိခဲ့ပြီလဲ။ ဒီလိုဆုံးဖြတ်ချက်တွေချ ပြီး သိပ်မကြာခင်မှာပဲ စိတ်အားထက်သန်မှုတွေလျော့ကျသွားပြီး ဒီဆန္ဒတွေလည်း တဖြည်းဖြည်းမှေး မှိန်သွားခဲ့တယ်။ ဒီလိုနဲ့ နောက်တစ်နှစ်ကူးသွားပြန်တယ်။ “ဒီတစ်ခါတော့ ငါတကယ်လုပ်မယ်၊ ငါတ ကယ်ပြောင်းလဲနိုင်အောင် ကြိုးစားမယ်” ဆိုပြီး ထပ်ကြုံးဝါးတယ်။ ဒါပေမဲ့ အချိန်တွေသာ ကုန်သွား တယ်။ ကျန်းမာရေးနဲ့ညီညွတ်အောင်စားမယ်၊ ပိုက်ဆံစုမယ်ဆိုတဲ့ သံန္နိဌာန်အစား စားချင်ရာတွေစား တယ်၊ မလိုဘဲ ပစ္စည်းတွေဝယ်တယ်။
ဒီလိုအဖြစ်တွေဖြစ်ရတဲ့အကြောင်းအရင်းက ဖြစ်ချင်တဲ့ဆန္ဒနဲ့ အန္တရာယ်ရှောင်လိုမှုကြား အ ချိုးအစားမညီခြင်းကြောင့်ဖြစ်ပါတယ်။ လူတွေရဲ့ဦးနှောက်က ဆုလာဘ်ရရှိလိုမှု (ဥပမာ - အောင်မြင်မှု သို့မဟုတ် ပျော်ရွှင်မှု) နဲ့ အန္တရာယ်ရှောင်လိုမှု (ဥပမာ - ကျရှုံးမှာကြောက်တာ)ရဲ့ ကြားမှာ လွန် ဆွဲနေတတ်ပါတယ်။ ဒါပေမဲ့ မစိုးရိမ်နဲ့။ “သင့်အတွေးတွေကို ပြောင်းလဲခြင်းဟာ သင့်လုပ်ရပ်တွေကို ပြောင်းလဲစေပြီး၊ နောက်ဆုံး သင့်ဘဝကိုပါ ပြောင်းလဲစေပါမည်” ဆိုတဲ့ ဒေါက်တာဂျုဒီဟိုရဲ့ ပြော စကားအတိုင်း သင့်အတွေးအမြင်တွေကိုသာ ပြောင်းလဲနိုင်ဖို့ကြိုးစားပါ။ သင့်ဘဝကြီးတစ်ခုလုံး ပြောင်းလဲသွားတာကို မြင်ရပါလိမ့်မယ်။
No New Notifications