Raising Securely Attached Kids

Eli Harwood
  •  25 min
  •  Audio Available

ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်ရတဲ့အလုပ်က တစ်ခါတလေ စိတ်ပင်ပန်းဆင်းရဲရပါ တယ်။ စိတ်ဓာတ်ကြံ့ခိုင်တဲ့ကလေးတစ်ယောက်ဖြစ်အောင် ဘယ်လိုပြုစုပျိုးထောင်ရမယ်ဆိုတဲ့စာ အုပ်တွေ၊ ဆောင်းပါးတွေ၊ ကျွမ်းကျင်သူတွေရဲ့အမြင်တွေ ဘယ်လောက်များများရှိပါစေ၊ တကယ့် လက်တွေ့မှာတော့ ဘယ်နေရာကစရမှန်းမသိ ဖြစ်နေတတ်ပါတယ်။ ကလေးရဲ့စိတ်ဆိုးစိတ်ကောက် တာလိုမျိုး အသေးအဖွဲကိစ္စလေးကစလို့ ကိုယ့်ကိုယ်ကိုယ်တန်ဖိုးထားမှုလိုမျိုး ကြီးမားတဲ့အရာတွေအ ထိ ဘယ်လိုထိန်းသိမ်းကိုင်တွယ်ရမယ်ဆိုတဲ့ အကြံပြုချက်တွေအများကြီးရှိနေပေမဲ့ ဒီအကြံပြုချက် တွေက တစ်ခါတလေမှာ ရှေ့နောက်မညီတာမျိုး၊ အကောင်အထည်ဖော်လို့မဖြစ်နိုင်တာမျိုးတွေ ဖြစ်နေတတ်ပါတယ်။

ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်တယ်ဆိုတာက ကိုယ့်ကလေးကောင်းကောင်းမွန်မွန် ကြီးပြင်းလာဖို့ အားပေးမှုတွေ၊ ကာကွယ်မှုတွေ၊ တန်ဖိုးထားမှုတွေနဲ့အတူ ခိုင်မာတဲ့သံယောဇဉ်တစ်ခု ကို တည်ဆောက်ခြင်းပဲဖြစ်ပါတယ်။ ကလေးတစ်ယောက်ရှင်သန်ကြီးထွားဖို့ လိုအပ်တဲ့စိတ်ပိုင်းဆိုင် ရာတည်ငြိမ်မှု၊ ရှင်းလင်းတဲ့လမ်းညွှန်မှုနဲ့ နားလည်သဘောပေါက်မှုတွေအားလုံးဟာ မိဘဖြစ်တဲ့သင့် အပေါ်မှာပဲ မှီခိုရပါတယ်။ ဒါကြောင့် စည်းကမ်းသတ်မှတ်ချက်တွေနဲ့ ချစ်ခြင်းမေတ္တာရဲ့ကြားမှာဟန် ချက်ညီဖို့ ဘယ်လိုလုပ်မလဲ။ ဘဝရဲ့အတက်အကျ၊ အနိမ့်အမြင်တွေကို သင့်ကလေးအနေနဲ့ ခံနိုင် ရည်ရှိအောင်၊ ယုံကြည်ချက်ရှိရှိကျော်ဖြတ်နိုင်အောင် ဘယ်လိုဆုံးမသွန်သင်မလဲ။ အဲဒီလိုမေးခွန်းတွေ ကို ထိထိရောက်ရောက်အဖြေရှာနိုင်ဖို့အတွက် ဒီစာအုပ်က သင့်ကိုအများကြီးအထောက်အကူပြုနိုင် ပါတယ်။

    •        ကလေးရှိတဲ့မိဘတွေ
    •        ကလေးနဲ့ လက်ပွန်းတတီးနေထိုင်ရသူတွေ
    •        ကလေးတွေကို ပြုပြင်ထိန်းကျောင်းနေရသူတွေ

    •        ကလေးတွေရဲ့စိတ်မှာ ဘေးကင်းတယ်ဆိုတဲ့ခံစားချက်ကို ဘာကြောင့်ထည့်ပေးသင့်ကြောင်း
    •        တင်းကြပ်တဲ့စည်းကမ်းတွေက ကလေးတစ်ယောက်ရဲ့အပြုအမူကို‌ ဘာကြောင့်ရေရှည်မပြု ပြင်ပေးနိုင်ကြောင်း
    •        ကလေးတွေကို သူတို့ကိုယ်သူတို့ယုံကြည်မှုရှိအောင် ဘာကြောင့်သွန်သင်ပေးသင့်ကြောင်း