သင် နောက်ဆုံးဝယ်ခဲ့တဲ့ ကြီးကြီးမားမားဝယ်ယူမှုက ဘာဖြစ်ပါသလဲ။ ဘာကြောင့် အဲဒါကို ဝယ်ခဲ့ တာပါလဲ။ အခြားတံဆိပ်တွေထက် အဲဒီတံဆိပ်ကို ဘာကြောင့်ရွေးချယ်ဝယ်ယူခဲ့တာပါလဲ။ ဘယ်လို စဉ်းစား ချင့်ချိန်မှုတွေနဲ့ ဝယ်ယူဖို့ ဆုံးဖြတ်ခဲ့တာပါလဲ။ အရိုးသားဆုံးဖြေရရင် ကျွန်မတို့အားလုံး ပစ္စည်းတစ်ခုဝယ်ယူတိုင်း အဲဒီပစ္စည်းရဲ့ ကောင်းကျိုး ဆိုးကျိုးကို ထည့်စဉ်းစားကြတာ နည်းပါတယ်။ ဝယ်ရတဲ့အကြောင်းအရင်းကို တိတိကျကျရှင်းပြဖို့ ခက်နေတတ်ပါတယ်။ ဒါဆို ဘယ်အရာက သင့်ကိုဝယ်ချင်အောင် တွန်းအားပေးနေပါသလဲ။ အချို့လူတွေက ပက်စီ သောက်ရတာ ကြိုက်တယ်။ တစ်ချို့လူတွေက ငါးမန်းဘူးသောက်ရတာ ပိုကြိုက်တယ်။ ဒါက လူတစ်ယောက်နဲ့တစ်ယောက် ကြိုက်တဲ့အရသာချင်းမတူတာကြောင့်လို့ ယူဆနိုင်ပေမဲ့ တကယ် စေ့စေ့စပ်စပ် လေ့လာကြည့်ရင် အဖြေက ဒီထက် ပိုတိကျပိုနက်နဲတာကို တွေ့ရပါလိမ့်မယ်။ ဒီစာအုပ်က ဝယ်သူမှုနဲ့ပတ်သက်တဲ့ ဦးနှောက်ရဲ့လုပ်ဆောင်ချက်တွေကို လေ့လာထားတာပါ။ ဈေးကွက်ရှာဖွေရေးမှာ လက်ရှိအသုံးပြုနေတဲ့နည်းလမ်းတွေက ထိရောက်မှု မရှိနိုင်ပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်မတို့လိုချင်တယ်လို့ပြောနေတဲ့အရာတွေနဲ့ ကျွန်မတို့ဦးနှောက်က လိုချင်တယ်လို့ပြောနေတဲ့အရာတွေက မကြာခဏ ကွဲလွဲနေတာကြောင့် ဖြစ်ပါတယ်။
မားကတ်တင်းကို စိတ်ဝင်စားသူ အားလုံး။
No New Notifications