Talk Like TED

Carmine Gallo
  •  30 min
  •  Audio Available

Talk Like TED လို့အမည်ရတဲ့ ဒီစာအုပ်မှာ စာရေးသူဟာ ကမ္ဘာတစ်ဝှမ်းမှာ သြဇာလွှမ်းမိုးမှုအရှိဆုံး ဟောပြောသူတွေရဲ့ တင်ပြပုံ တင်ပြနည်း လျှို့ဝှက်ချက်တွေကို ဖော်ထုတ်မျှဝေပေးမှာ ဖြစ်ပါတယ်။ TED ဆိုတဲ့ စကားလုံးသုံးခုကိုခွဲလိုက်ရင် Technology ဆိုတဲ့ နည်းပညာ၊ Entertainment ဆိုတဲ့ ဖျော်ဖြေရေးနဲ့ Design (ဒီဇိုင်း) ဆိုပြီး အမျိုးအစားသုံးခု ကွဲသွားပါတယ်။ စာရေးသူဟာ လူကြိုက်များတဲ့ TED ဟောပြောပွဲပေါင်း ငါးရာကျော်ကို ခွဲခြမ်းစိတ်ဖြာပြီးနောက်မှာတော့ ဘာလို့ အဲ့ဒီဟောပြောပွဲတွေဟာ မတူကွဲပြား လူကြိုက်များ နေရတာလဲ ဆိုတဲ့ ဘုံအကြောင်းရင်း သုံးချက်ကို ဖော်ထုတ်သတ်မှတ်နိုင်ခဲ့ပါတယ်။

ဒီဟောပြောပွဲတွေမှာ ဟောပြောတဲ့အကြောင်းအရာအားလုံးက ဆန်းသစ်ပါတယ်။ ဟောပြောသူ တွေဟာ ပရိတ်သတ်နဲ့ စိတ်ပိုင်းဆိုင်ရာချိတ်ဆက်မိအောင် ကြိုးစားဖန်တီးနိုင်ခဲ့ပြီး အကြောင်းအရာတွေကို တင်ဆက်တဲ့အခါမှာလည်း မှတ်ရလွယ်စေမဲ့နည်းလမ်း သုံးခဲ့ကြပါတယ်။

ဆိုတော့ ပရိသတ်နဲ့ စိတ်ပိုင်းဆိုင်ရာဘယ်လိုချိတ်ဆက်ရမလဲ၊ ကိုယ့်စကားကို သူတစ်ပါးနားထဲ စွဲမှတ်လွယ်အောင် ဘယ်လိုဖန်တီးပြင်ဆင်ရမလဲ၊ စကားပြောတဲ့အခါ ပုံပြင်ဇာတ်လမ်းတွေကို ဘယ်လို ယှက်နွယ် ထည့်သုံးရမလဲ ဆိုတာတွေကို လေ့လာရပါမယ်။ ဒါ့အပြင် စကားပြောတဲ့အခါ ပရိသတ်ကို ဆွဲဆောင် သိမ်းသွင်းချင်တယ်ဆိုရင် ပြောသူကိုယ်တိုင်က စိတ်အားထက်သန်နေဖို့ မဖြစ်မနေလိုအပ်တယ်ဆိုတာကိုလည်း လေ့လာသိရှိရပါလိမ့်မယ်။ နောက်ပြီး ပရိသတ်ကို အာရုံငါးပါးမှာ အကြားအာရုံတစ်ခုထက်ပိုပြီး လှုံ့ဆော်နိုင်ဖို့ လိုအပ်ပါသေးတယ်။ နောက်ဆုံးအနေနဲ့ သင့်ရဲ့တင်ဆက်မှုပုံစံကို ပရိတ်သတ်ရဲ့မှတ်ဉာဏ်ထဲ စွဲမြဲကျန်ရစ်စေဖို့ အတွက် မဖြစ်မနေတတ်မြောက်သင့်တဲ့အချက်တွေကို လေ့လာရမှာဖြစ်ပါတယ်။

  • -       TED ဟောပြောပွဲတွေကို စိတ်ဝင်စားသူတွေ။

    -       Presentation တင်ဆက်ရာမှာ နည်းလမ်းတကျ လုပ်ချင်သူတွေ။

    -       စကားပြောတဲ့အခါ လူတွေရဲ့အာရုံကို ဆွဲဆောင်နိုင်ချင်သူတွေ။

  • -       ခြင်အုပ်ကြီး တစ်ခုကို လွှတ်ပေးလိုက်ရာကနေ TED ဟောပြောပွဲတစ်ခုကို လူကြိုက်များသွားပုံ၊

    -       အမေရိကန်ရဲ့အိပ်မက်နဲ့ ဒိန်းမတ်နိုင်ငံတို့မှာ ဘုံတူညီချက်တွေ ရှိနေပုံ၊

    -       အချက်အလက်သစ်တွေကို တစ်ဖက်လူဦးနှောက်ထဲ စွဲမြဲစိမ့်ဝင်သွားစေမဲ့နည်းလမ်း။