Language Intelligence

Joseph J Romm
  •  32 min
  •  Audio Available

စကားအဖွဲ့အဆိုပညာဆိုတာ ဖုန်တက်နေတဲ့ ခေတ်ဟောင်းသမိုင်းစာပေစာရွက် စာကြည့်တိုက် တွေကြားမှာ မေ့မေ့ပျောက်ပျောက်ချောင်ထိုးထားရမယ့်ပညာတစ်ခု မဟုတ်ပါဘူး။ သတိမထားမိ ကောင်း မထားမိခဲ့နိုင်ပေသည့် သေချာတာကတော့ ကျွန်မတို့ရဲ့နေ့စဥ်ဘဝမှာ စကားအဖွဲ့အဆိုပညာဟာ တည်ရှိပါဝင်နေတာပါပဲ။

ဒါပေမဲ့ ယနေ့ခေတ်မှာတော့ စကားအဖွဲ့အဆိုပညာရဲ့အခန်းကဏ္ဍဟာ လျစ်လျူရှုခြင်းခံနေရတဲ့ အနေအထားကို ရောက်ရှိနေခဲ့ပါပြီ။ ဒါကို အန္တရာယ်ရှိတဲ့သွေဖယ်မှုတစ်ခုလို့လည်း ဆိုနိုင်ပါတယ်။ စကား လုံးအသုံးအနှုန်းတွေရဲ့ အသိပညာအတတ်ပညာကို ဖယ်ကျဥ်ခြင်းဟာ ဘာသာစကားရဲ့အလှတရားကို လျစ်လျူရှုမိရုံသာမက နားလည်နိုင်စွမ်းရည်ကိုပါ ကျဆင်းဆုံးရှုံးစေနိုင်ပြီး ရလဒ်ကတော့ လှည့်စားကွေ့ ပတ်ထားတဲ့ အလိမ်အညာစကားတွေဆီကနေ လွှမ်းမိုးထိခိုက်ခံရနိုင်ပါတယ်။

စကားအဖွဲ့အဆိုပညာမှာ ပုံဖော်သတ်မှတ်ချက်တွေ၊ ဥပမာပေးခိုင်းနှိုင်းချက်တွေ၊ သရော်လှောင် ပြောင်စကားတွေ စသည်ဖြင့် စကားပြောဆိုပုံပြောဆိုနည်း အမျိုးမျိုးပါဝင်ပါတယ်။ ဒီစာအုပ်မှာ ဘာသာ စကားရဲ့အလှတရားကို နားလည်သဘောပေါက်အောင် ရှင်းလင်းပြောပြပေးသွားမှာဖြစ်ပြီး ဆွဲဆောင် သိမ်းသွင်းရာမှာ အသုံးပြုနိုင်တဲ့ စကားအတတ်ပညာအကြောင်းလည်း တစ်ပါတည်းဖော်ထုတ်ပေးသွား မှာဖြစ်ပါတယ်။


    • စကားလုံးလှလှသုံးပြီး လူတွေကို ဆွဲဆောင်သိမ်းသွင်းရမဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ
    • စကားအဖွဲ့အဆိုကောင်းကောင်းသုံးထားတဲ့အလိမ်အညာအလှည့်အပတ်များကြား သားကောင်မ ဖြစ်လိုသူတွေ
    • စကားအဖွဲ့အဆိုပညာရပ်ကို လေ့လာတတ်ကျွမ်းလိုသူတွေ


    • တစ်စုံတစ်ခုကိုကြော်ငြာရောင်းချလိုတဲ့အခါ စကားအဖွဲ့အဆိုပညာကို တတ်ကျွမ်းကျင်လည်ဖို့ ဘာကြောင့်လိုအပ်သလဲ
    • သမ္မတဂျော့ဒဗယ်လျူဘုရှ်ဟာ ဘာကြောင့် စကားအဖွဲ့အဆိုပါရမီရှင်တစ်ဦးအဖြစ် သတ်မှတ်ခံရ သလဲ
    • လေဒီဂါဂါဟာ ပေါ့ပ်သီချင်းအမျိုးအစားမှာ စကားအဖွဲ့အဆိုပညာရပ်ရဲ့ဘုရင်မတစ်ပါးအဖြစ် ဘာကြောင့်ရပ်တည်နိုင်သလဲ