Money For Couples

Ramit Sethi
  •  20 min
  •  Audio Available

ငွေကြေးနဲ့ပတ်သက်ပြီး‌ ပြောရတဲ့စကားတွေဟာ တစ်ကြိမ်တည်းနဲ့ ပြီးသွားတဲ့ကိစ္စမျိုး မဟုတ်ဘဲ၊ အဆက်မပြတ် ဆက်ဆွေးနွေးနေသင့်တဲ့အရာ ဖြစ်ပါတယ်။ ဇနီးမောင်နှံတွေအနေနဲ့ ငွေကြေးကိစ္စကို ပုံမှန်ဆွေးနွေးပြီး၊ မိမိတို့ရဲ့ တန်ဖိုးထားမှုတွေကို ချိန်ညှိခြင်းအားဖြင့် ယုံကြည်မှုကို တည်ဆောက် နိုင်ပါတယ်။ တစ်ချိန်တည်းမှာပဲ၊ သုံးစွဲရာမှာလဲ မိမိတို့အတွက် စိတ်အပျော်ရွှင်ဆုံး ဖြစ်စေမယ့်အရာတွေ အပေါ် အာရုံစိုက်သင့်ပြီး အရေးမပါတဲ့နေရာတွေမှာ ကုန်ကျစရိတ်တွေကို လျှော့ချသင့်ပါတယ်။ ပိုင်ဆိုင်မှု (assets)၊ စုဆောင်းငွေ (savings)၊ ရင်းနှီးမြှုပ်နှံမှု (investments) နဲ့ ကြွေးမြီ (debt) ဆိုတဲ့ အဓိက နံပါတ်လေးခုကို ပြန်ကြည့်နိုင်အောင် မှတ်သားထားခြင်းဟာ သင့်ရဲ့ ဘဏ္ဍာရေးအခြေအနေကို ခြုံငုံသိရှိဖို့ အကောင်းဆုံးနည်းလမ်းပါပဲ။ ဒီအချက်တွေကို သိပြီဆိုရင် သင်ဟာ သမားရိုးကျ ဘတ်ဂျက်ချမှတ်ခြင်းနဲ့ မတူဘဲ ပြောင်းလွယ်ပြင်လွယ်ရှိပြီး အေးအေးဆေးဆေး သုံးစွဲနိုင်တဲ့ ကိုယ်တိုင် သတိရှိရှိသုံးစွဲမှု အစီအစဉ် (Conscious Spending Plan) ကို စတင်ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။


    •         လက်ထပ်ဖို့ တွေးထားတဲ့ ချစ်သူစုံတွဲများ၊
    •         လင်မယားများ၊
    •         အိမ် မျှဝေသုံးစွဲနေထိုင်သူများ။



    •         စုံတွဲတွေ ငွေကြေးဘယ်လိုစီမံသင့်တယ် ဆိုတဲ့ အကြောင်း၊
    •         ငွေကြောင့် စိတ်မညစ်ရအောင် ဘယ်လိုသုံးစွဲသင့်တယ်ဆိုတဲ့အကြောင်း၊
    •         ငွေကြေးချွေတာတယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ်ချုပ်ချယ်ပိတ်ပင်တာ မဖြစ်သင့်ဘူး ဆိုတဲ့ အကြောင်း။