လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုအကြာကဆိုရင် “zoom” ဆိုတာ ကားလီဗာကို နင်းလိုက်တဲ့အသံပါပဲ၊ “tick-tock” ဆိုတာဟာလဲ နာရီအကြီးကြီးတစ်လုံးရဲ့ မြည်သံပါပဲ။ ဒီအဓိပ္ပါယ်တွေလောက်ပဲ ရှိခဲ့တာပါ။ AI ကို သိပ္ပံစိတ်ကူးယဉ်ဇာတ်လမ်းတွေမှာသာ မြင်ရကြားရပြီး၊ AI ဆိုတာ လူတွေနဲ့ မအပ်စပ်တဲ့အရာတစ်ခု ဖြစ်ခဲ့ပါတယ်။ ဒီအကြောင်းပြောရင် ရူးကြောင်ကြောင်အထင်ခံရတဲ့ခေတ် ဆိုပါတော့။ ဒီကနေ့ခေတ်နဲ့ တော့ အများကြီး ကွာခြားသွားပါပြီ။ ဒီကနေ့ခေတ် လူမှုဆက်ဆံရေးဟာ အလုပ်မဖြစ်တဲ့ဆူညံသံတွေနဲ့ အမြဲတစေ ပြည့်နှက်နေပါ တယ်။ ဆိုရှယ်မီဒီယာတွေ၊ သတင်းမီဒီယာတွေ၊ အငြင်းပွားမှုတွေနဲ့ တစ်ချိန်လုံး ဆူညံနေပြီး အဓိပ္ပာယ် ရှိတဲ့ ဆွေးနွေးပြောဆိုမှုတွေက တဖြည်းဖြည်း နည်းပါးလာကာ echo chambers (အသံတူတွေချည်း အပြန်အလှန် အော်နေသံ) တွေ လွှမ်းမိုးနေတဲ့ခေတ် ဖြစ်လာပါတယ်။
ဒီလို ဆူညံသံတွေကြားမှာ သင် ဟောပြောတာကို ပရိသတ်က တကယ်နားထောင်စေဖို့နဲ့ သင်ကိုယ်တိုင် အဟောအပြောကောင်းသူအဖြစ် ထင်ရှားပေါ်လွင်ဖို့ဆိုတာ အင်မတန် ခက်ခဲလာပါတယ်။ အချို့လူတွေဆိုရင် ထင်ရှားပေါ်လွင်ဖို့အတွက် အရှက်ရစရာအပြုအမူတွေ လုပ်ရမယ်လို့တောင် ထင်လာ ကြပါတယ်။ ဒီလိုရှုပ်ထွေးမှုတွေကြောင့် လောကမှာ ဆက်သွယ်ပြောဆိုမှုကျွမ်းကျင်မှု အဆင့်အသစ်တစ်ခု လိုအပ်လာပါတယ်။ ဒီကောက်နုတ်ချက်ထဲမှာ ပရိတ်သတ်နဲ့ ရှင်းလင်းတဲ့ဆယ်သွယ်မှု၊ စစ်မှန်ပြီး ရေရှည် အကျိုးသက်ရောက်စေတဲ့ဆက်သွယ်မှုတွေ ပါဝင်ပြီး သင့်အသံကို လူတွေကြားစေမယ့် နည်းလမ်းကောင်း တွေလည်း ပါဝင်ပါတယ်။
No New Notifications