ဒီစာအုပ်ကတော့ ကျွန်မတို့ရဲ့ ခေတ်သစ်နေထိုင်မှုပုံစံဖြစ်တဲ့ အမြဲတမ်းဖုန်းသုံးတာတွေ၊ လူကို ဝစေတဲ့အစားအစာတွေ၊ အိပ်ရေးမဝတာတွေ၊ သဘာဝတရားနဲ့ ကင်းကွာတာတွေ၊ မျက်နှာချင်းဆိုင်ရ တဲ့တွေ့ဆုံမှုတွေနည်းပါးလာတာတွေဟာ ကျွန်မတို့ရဲ့ဦးနှောက်ကို ဘယ်လိုမျိုးလှည့်ဖြားပြီး စိတ်တုံ့ ပြန်မှုမြန်ဆန်လွန်းတာ၊ ဖိစီးမှုများတာ၊ အာရုံမစိုက်နိုင်တာတွေကို ဖြစ်လာအောင် လုပ်ဆောင်နေ တယ်ဆိုတာကို ရှင်းပြထားပါတယ်။ ဒီစာအုပ်က နေ့စဉ်လုပ်ရမယ့် ရိုးရှင်းတဲ့ရွေးချယ်မှုလေးတွေကို ပြောပြထားပါတယ်။ နည်းပညာကို သတိထားပြီးသုံးစွဲတာ၊ ပိုကောင်းအောင် အိပ်စက်တာ၊ အဆီ အဆိမ့်များတာတွေ လျှော့စားတာ၊ လက်တွေ့ဘဝဆက်ဆံရေးတွေ တည်ဆောက်တာ၊ သဘာဝနဲ့ အချိန်ဖြုန်းတာ၊ ကိုယ်နေတဲ့ပတ်ဝန်းကျင်ကို ပြင်ဆင်ထိန်းသိမ်းတာတွေလုပ်ဖို့ တိုက်တွန်းထားပါ တယ်။ ဒီနည်းလမ်းတွေက ဦးနှောက်ကိုကြည်လင်မှု၊ စိတ်ငြိမ်သက်မှုနဲ့ ရေရှည်ကျန်းမာပျော်ရွှင်မှုတွေ ကို ဘယ်လိုပြန်ရယူပေးနိုင်တယ်ဆိုတာကို ပြသထားပါတယ်။
· သက်ကြီးရွယ်အိုများ
· စိတ်ဖိစီးလွယ်သူများ
· သတ်လတ်ပိုင်းလူများ
· လူတွေရဲ့ ဦးနှောက်အပေါ် ခေတ်သစ်နေထိုင်မှုပုံစံကဘယ်လိုသက်ရောက်တဲ့အကြောင်း
· အိပ်စက်ခြင်းက ဦးနှောက်အပေါ် ဘယ်လိုသက်ရောက်ကြောင်း
· အစားအစာနဲ့ ဦးနှောက်ရဲ့ ဆက်စပ်ပုံအကြောင်း
No New Notifications