ကျွန်မတို့လူကြီးတွေဟာ သုံးနှစ်အရွယ်ကလေးတစ်ယောက်ရဲ့စူးစမ်းလေ့လာမှုကို အမီလိုက် နိုင်ဖို့ သိပ်ကိုခက်ခဲကြပါတယ်။ ဒါပေမဲ့ ဒီလိုမျိုးလေ့လာသင်ယူလိုစိတ်အပြည့်ရှိတဲ့ကလေးတွေက တဖြည်းဖြည်းကြီးပြင်းလာတာနဲ့အမျှ လေ့လာသင်ယူလိုစိတ်တွေ ပျောက်ဆုံးလာကြတာ ဘာကြောင့် ပါလဲ။ ကလေးတွေရဲ့လေ့လာသင်ယူလိုစိတ်ကို ဘယ်အရာက ဖျက်ဆီးလိုက်တာပါလဲ။ အရာရာကို စူးစမ်းလေ့လာချင်စိတ်အပြည့်ရှိတဲ့ကလေးတွေ၊ လေ့လာသင်ယူရတာကို သဘောကျနှစ်ခြိုက်တဲ့ ကလေးတွေက ဘယ်လိုအကြောင်းကြောင်းတွေကြောင့် စာသင်ကျောင်းကို မုန်းတီးပြီး လေ့လာသင် ယူခြင်းကိုမကြိုက်တဲ့ကလေးတွေအဖြစ် ပြောင်းလဲသွားရတာပါလဲ။ စာသင်ကျောင်းနဲ့ ကလေးမိဘ တွေကရော လေ့လာသင်ယူခြင်းရဲ့အဓိပ္ပာယ်ကို အမှန်တကယ်နားလည်ပါရဲ့လား။ စာသင်ကျောင်းမှာ အသုံးပြုနေတဲ့သင်ကြားနည်းစနစ်တွေက ကလေးတွေရဲ့အပြုအမူကို ပြောင်းလဲသွားစေတဲ့ အဓိက တရားခံဖြစ်နေမလား။ ဒီစာအုပ်က ဖော်ပြပါမေးခွန်းတွေကို အသေးစိတ်ဖြေပေးနိုင်ပါတယ်။ နောက် ပြီး အဓိကအချက်တစ်ချက်ဖြစ်တဲ့ “ကလေးတွေက မွေးကတည်းက တော်ကြတယ်” ဆိုတဲ့အချက်ကို ပြန်လည်ဆန်းစစ်မိစေပါတယ်။ ဒါကြောင့် တော်ပြီးသားကလေးတွေကို ပိုတော်အောင် ကြိုးစားခိုင်း မယ့်အစား တုံးအမသွားအောင်ပဲ အဓိကအလေးထားကြိုးစားသင့်ပါတယ်။
No New Notifications