Why We Die

Venki Ramakrishnan
  •  18 min
  •  Audio Available

စာရေးသူဟာ လူ့သဘာဝ၊ လူတွေ တိုးတက်ပြောင်းလဲလာပုံနဲ့ လူသားရှင်သန်ရေး အတွက် ရှိသင့်တဲ့ဓလေ့ထုံးတမ်းတွေကို စူးစမ်းကာ ဒီစာအုပ်ကို ရေးခဲ့ပါတယ်။ အသက်ကြီး လာတယ်ဆိုတာဟာ‌ အတော်သေးငယ်တဲ့ ထိခိုက်မှုလေးတွေ၊ ခန္ဓာကိုယ် ပြောင်းလဲလာမှုတွေနဲ့ ပြုပြုင်ရေးစနစ်တွေ ကျဆင်းလာမှုကြောင့်ဖြစ်ပြီး တစ်ချိန်တည်းမှာပဲ သိပ္ပံပညာ၊ ဇီဝနည်းပညာ၊ AI နဲ့ မျိုးရိုးဗီဇတွေ့ရှိမှုတွေ သုံးပြီး လူ့သက်တမ်းကို ဆန့်နိုင်ဖို့ ကြိုပမ်းတာတွေလဲ ရှိလာပါတယ်။

စာရေးသူဟာ သေဆုံးခြင်းနဲ့အသက်ကြီးခြင်းဖြစ်စဉ်အပေါ် ထဲထဲဝင်ဝင်စူးစမ်းခဲ့ပြီး အဲဒါ တွေကို အခြေအနေအလိုက် ပြုပြင်ထိန်းသိမ်းလို့ ရကြောင်း၊ လူ့အသိုင်းအဝိုင်းကို ပိုတိုးတက် အောင် လုပ်လို့ရနိုင်ကြောင်း တို့ကို ထောက်ပြခဲ့ပါတယ်။ သိပ္ပံပညာရဲ့အလွန်မှာဆိုရင် လူသားဟာ သုစရိုက်တရားနဲ့နေထိုင်ခြင်း၊ အများအကျိုး သယ်ပိုးခြင်း၊ ပတ်ဝန်းကျင်ကောင်းဖို့ လုပ်ခြင်း တွေက အသက်ကို ပိုရှည်စေနိုင်ပြီး စိတ်ကိုငြိမ်အောင်ထားကာ အေးအေးချမ်းချမ်း နေထိုင်တဲ့ ဘယ်နည်းလမ်းမဆိုကလဲ အသက်ရှည်ကြာ နေထိုင်‌နိုင်စေမှာပဲ ဖြစ်ပါတယ်။ အချုပ်ကတော့ ဒီနေ့ခေတ်လို သိပ္ပံနည်းပညာတွေ တိုးတက်လာချိန်မှာ စာဖတ်သူတွေကို သူတို့ရဲ့ ရှင်သန် ရပ်တည်မှုအပေါ် ခံယူချက်ကို ပြန်လည်စဉ်းစားဖို့ စိန်ခေါ်လိုက်တာပဲ ဖြစ်ပါတယ်။


    •         သက်ကြီးရွယ်အိုများ၊
    •         သေခြင်းအကြောင်း စိတ်ဝင်စားသူများ၊
    •         အိုမင်းရင့်ရော်ခြင်းအကြောင်း စိတ်ဝင်စားသူများ။



    •         သေခြင်းတရားဆိုတာ ကျရှုံးမှု မဟုတ်တဲ့အကြောင်း၊
    •         အသက်ကြီးတယ်ဆိုတာ ဆဲလ်တွေပုံမှန်အလုပ်မလုပ်နိုင်တော့ခြင်းကို ဆိုလိုကြောင်း၊
    •         လူတွေသာ သက်တမ်းပိုရှည်လာကြရင် ကြုံရနိုင်တဲ့ အခက်အခဲတွေ များတယ် ဆိုတဲ့ အကြောင်း။