Dotcom Secrets

Russell Brunson
  •  16 min
  •  Audio Available

အောင်မြင်တဲ့ အွန်လိုင်းအရောင်းလုပ်ငန်းတွေဟာ ဝယ်သူ‌ကို ဘယ်လို ဆွဲဆောင်ကြသလဲ၊ သူတို့ လုပ်ငန်းကို ဝယ်သူ စိတ်ဝင်စားအောင် ဘယ်လို လုပ်ကြသလဲ၊ ဝယ်သူက အမြဲတမ်း အားပေးအောင် ဝယ်သူကို ဘယ်လိုထိန်းသိမ်းကြသလဲ။ ဒီမေးခွန်းတွေကို ဒီစာအုပ်က ဖြေထားပါတယ်။ စာရေးသူဟာ Value Ladder ဆိုတဲ့နည်းလမ်းကို သာမန်အဆင့်ကစလို့ အထူးအဆင့်တွေအထိ တန်ဖိုးတိုးမြှင့်ထားတဲ့ နည်းလမ်း ကို ပြောပြထားပါသေးတယ်။ သူက ဝယ်သူတွေ မငြင်းဆန်နိုင်မယ့် ကမ်းလှမ်းချက်တွေနဲ့အတူ သင့်ရဲ့ ဝယ်သူတွေကို ကမ်းလှမ်းနိုင်မယ့်နည်းလမ်းတွေကိုလဲ ဝေမျှပေးထားပါတယ်။

ဒီစာအုပ်က အွန်လိုင်းလုပ်ငန်းတစ်ခု ဘယ်လိုတည်ဆောက်တယ်၊ လုပ်ရိုးလုပ်စဉ်သာမန် လုပ်ငန်း ပုံစံတွေကနေ ကွဲထွက်ပြီး နည်းဗျူဟာကျကျ တစ်လှမ်းချင်း ဘယ်လိုလုပ်ရမယ်ဆိုတာကို ထဲထဲဝင်ဝင် ပြောထားပါတယ်။ ဝယ်သူနဲ့အဆက်မပြတ်အောင် လုပ်ပုံတွေ၊ အီးမေးလ် အသုံးပြုပုံတွေ၊ ဝယ်သူနဲ့ ရေရှည် ဆက်ဆံရေးတစ်ခု တည်ဆောက်ပြီး တန်ဖိုးတက်အောင် လုပ်ပုံလုပ်ဟန်တွေကိုလဲ ပြောပြထားပါတယ်။ အချုပ်ကတော့ ဒီစာအုပ်ဟာ အွန်လိုင်းလုပ်ငန်းတွေကို ပိုတိုးတက်ချင်တဲ့ စွန့်ဦးတီထွင်သူတွေအတွက် မားကတ်တင်းနဲ့ အရောင်းဗျူဟာတွေ ဖော်ပြထားတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။


    •         အရောင်းသမားများ၊
    •         လုပ်ငန်းရှင်များ၊
    •         အွန်လိုင်းဈေးရောင်းသူများ။



    •         အွန်လိုင်းပေါ်မှာ ဈေး ဘယ်လိုရောင်းရမယ်ဆိုတဲ့အကြောင်း၊
    •         ဝယ်သူကို ဘယ်လိုချဉ်းကပ်ရမယ်ဆိုတဲ့အကြောင်း၊
    •         ဝယ်သူကို သွေးမအေးသွားအောင် ဘယ်လိုလုပ်ရမယ်ဆိုတဲ့ အကြောင်း။