ကျွန်မတို့ရဲ့နေ့စဉ်ဘဝမှာ ကျိုးကြောင်းမညီညွှတ်တဲ့တောင်းဆိုမှုတွေနဲ့ တစ်ချိန်လုံး ကြုံနေရ ပါတယ်။ တစ်ခါတလေ ကျွန်မတို့ရဲ့စိတ်ကမလိုက်လျောချင်ပေမဲ့ ငြင်းဆန်ဖို့အားနာတာကြောင့် ခေါင်းညိတ်လိုက်လျောခဲ့ရတဲ့အရာတွေ အကြိမ်ပေါင်းမနည်းရှိပါတယ်။ မကောင်းတတ်လို့ လိုက် လျောခဲ့ရပေမဲ့ စိတ်ထဲမှာ ကြိတ်မနိုင်ခဲမရခံစားခဲ့ရတာမျိုးလဲ ကြုံဖူးပါလိမ့်မယ်။
ဒီလိုအခြေအနေမျိုးမှာ ကိုယ့်ဆန္ဒအမှန်ကို ရဲရဲဝံ့ဝံ့ထုတ်ပြောနိုင်တဲ့အရည်အချင်းရှိဖို့ လိုအပ် ပါတယ်။ ဒါမှသာ ကိုယ့်ပတ်ဝန်းကျင်ကလူတွေနဲ့ဆက်ဆံရေးဟာ ရေရှည်ခိုင်မြဲနိုင်ပါလိမ့်မယ်။ သ ဘောထားကွဲလွဲမှုတွေကို ထိထိရောက်ရောက်ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။ လူတော်တော်များများက တစ်ယောက်နဲ့တစ်ယောက်အမြင်မတူတဲ့အခါ ထိပ်တိုက်ရင်ဆိုင်တွေ့တာမျိုး ဒါမှမဟုတ် ရှောင်လွှဲ သွားတာမျိုးကို လုပ်တတ်ကြပါတယ်။ အမှန်တော့ ဒီနည်းလမ်းနှစ်ခုက ပြဿနာကို ပိုပြီးဆိုးရွားသွား စေနိုင်ပါတယ်။ ဒါဆို အခြားလူတွေရဲ့တောင်းဆိုချက်တွေကို ဆက်ဆံရေးမပျက်စေဘဲ ဘယ်လိုငြင်း မလဲ။ ဒီမေးခွန်းရဲ့အဖြေကို ဒီစာအုပ်ထဲမှာ သင်တွေ့နိုင်ပါတယ်။
No New Notifications