Getting Everything You Can Out of All You’ve Got

Jay Abraham
  •  23 min
  •  Audio Available

သင့်လုပ်ငန်းမှာ သင် ထုတ်မသုံးရသေးတဲ့ အရည်အချင်းတွေ အများကြီးရှိနေပါတယ်။ ဒါတွေကို သေချာ ရှာဖွေနိုင်မယ်ဆိုရင် မယုံနိုင်လောက်တဲ့ အခွင့်အလမ်းတွေ ရလာပါလိမ့်မယ်။ တစ်ခါတလေမှာ သင်က ပြဿနာလို့ ထင်ထားတဲ့အရာက အခွင့်အလမ်းတစ်ခု ဖြစ်နေနိုင်သလို၊ အဲဒါဟာ ဘယ်သူမှ ထင်မှတ်မထားတဲ့ နည်းလမ်းကောင်း တစ်ခုလဲ ဖြစ်နေနိုင်ပါတယ်။ ဒီလိုမျိုး အခွင့်အလမ်းတွေကို သင် ဘယ်လို ရှာဖွေမလဲ။ သင် ချမှတ်ထားတဲ့ ပန်းတိုင်ကို ရောက်ဖို့အတွက် လိုအပ်တဲ့ ကုတ်အားတွေနဲ့ ဝန်ထမ်းတွေကို ဘယ်လိုမျိုး တွန်းအားပေးမလဲ။

သင်ဟာ သင့်လုပ်ငန်းရဲ့ ရှိရင်းစွဲအခြေအနေကို ထိန်းသမ်းထားနိုင်ရုံနဲ့ လုပ်ငန်းအောင်မြင်တယ်လို့ ပြောလို့ မရပါဘူး။ စီးပွားရေးလောကမှာ ဆက်လက်ရှင်သန်ဖို့အတွက် စားသုံးသူတွေကို ပိုကောင်းတဲ့ဝန်ဆောင်မှုတွေ ဘယ်လိုပေးမလဲ၊ ပြိုင်ဘက်တွေထက် ဘယ်လိုသာအောင် လုပ်မလဲ၊ အကျိုးအမြတ် များများရအောင် ဘယ်လို လုပ်မလဲ စတဲ့နည်းလမ်းကောင်းတွေ ရှာဖွေဖို့ လိုအပ်ပါတယ်။ ဒီစာအုပ်ထဲမှာ စာရေးသူ အေဘရာဟမ်က စီးပွားရေးလောကမှာ လက်တွေ့အသုံးချလို့ရတဲ့ နည်းဗျူဟာတွေကို အသေးစိတ် ဖော်ပြထားပါတယ်။ ဒီနည်းလမ်း တွေအတိုင်း လိုက်နာဆောင်ရွက်သွားမယ်ဆိုရင် ဆထက်ထမ်းပိုးတိုးတက်မှုတွေနဲ့အတူ သင့်လုပ်ငန်း အောင်မြင် လာပါလိမ့်မယ်။


    •  လက်ရှိ စီးပွားရေးလုပ်ငန်းကို တိုးတက်အောင် ဆောင်ရွက်လိုသူတွေ။
    •  ပြိုင်ဘက်တွေကြားမှာ ထိပ်ဆုံးရောက်လိုသူတွေနဲ့
    •  ဈေးကွက်ရှာဖွေနည်းကို စိတ်ဝင်စားသူတွေ။



    •  လုပ်ငန်းတစ်ခု ရှင်သန်တိုးတက်ဖို့အတွက် လိုအပ်တဲ့ နည်းလမ်းကောင်းတွေ။
    •  Customer ကို အလေးထားခြင်းကြောင့် ရလာနိုင်တဲ့ အကျိုးအမြတ်တွေ။
    •  သင့်ရဲ့ business model ကို အကဲဖြတ်ခြင်းကြောင့် ရလာနိုင်တဲ့ အကျိုးကျေးဇူးတွေ။