ဒီစာအုပ်ဟာ အားကစား၊ ကိုယ်ကာယကြံ့ခိုင်မှု၊ အသိပညာတိုးတက်ရေး စတဲ့ နယ်ပယ်အသီးသီးမှာ ကမ္ဘာ့ အဆင့်အတန်းတစ်ခုအထိရောက်အောင် စွမ်းဆောင်နိုင်သူတွေရဲ့ ဗျူဟာတွေ၊ အသိပညာတွေနဲ့ အလေ့အကျင့် တွေကို စုစည်းထားတဲ့စာအုပ် ဖြစ်ပါတယ်။ ဒီစာအုပ် ရေးနိုင်ဖို့အတွက် စာရေးသူဟာ အောင်မြင်ကျော်ကြားသူ အယောက် ၂၀၀ ကို အင်တာဗျူးခဲ့ရပြီး သူတို့ရဲ့ နေ့စဉ်ဘဝ ဖြတ်သန်းပုံတွေနဲ့ အကြံပြုချက်တွေကို ရယူခဲ့ပါတယ်။ ဒါတွေကို ချုပ်လိုက်တဲ့အခါမှာတော့ အလေ့အကျင့်များ တည်ဆောက်ခြင်း၊ အမြဲ လေ့လာသင်ယူနေခြင်းနဲ့ စမ်းသပ်မှုတွေ လုပ်ကြည့်ခြင်းတို့ဟာ ဘဝအတွက် ဘယ်လောက်အရေးပါတယ်ဆိုတာကို မြင်လာစေပါတယ်။ သူတို့ဆီကနေ ရယူနိုင်မယ့် သင်ခန်းစာတွေကို ကျန်းမာရေး၊ ချမ်းသာကြွယ်ဝရေးနဲ့ အသိဉာဏ် ဆိုပြီး ကဏ္ဍသုံးခု ခွဲထားပါတယ်။ ကျွန်မတို့ဟာ ပြောင်းလဲမှု အသေးအမွှားလေးကနေ စတင်အကောင်အထည်ဖော်ရင်တောင်မှ သက်ရောက်မှု ကြီးမားတဲ့ ပြောင်းလဲမှုတွေ လုပ်နိုင်ပါတယ်။ ဘယ်သူမှာမဆို ကိုယ့်ရဲ့ လုပ်ဆောင်နိုင်စွမ်း၊ ခံနိုင်ရည် စွမ်းနဲ့ အောင်မြင်မှု တို့ကို ကောင်းမွန်တိုးတက်လာအောင် လုပ်နိုင်တဲ့စွမ်းအား ရှိကြပါတယ်။
No New Notifications