မိတ်ဆွေသူငယ်ချင်းဆက်ဆံရေးပဲဖြစ်ဖြစ်၊ လင်နဲ့မယားဆက်ဆံရေးပဲဖြစ်ဖြစ်၊ လုပ်ငန်းခွင် ဆိုင်ရာဆက်ဆံရေးပဲဖြစ်ဖြစ် ဆက်ဆံရေးတစ်ခုခိုင်မြဲဖို့၊ အားကောင်းဖို့အတွက် ထိရောက်တဲ့ပြောဆို ဆက်ဆံမှုက အဓိကအခြေခံဖြစ်ပါတယ်။ ဒါဆိုရင် ထိရောက်တဲ့ပြောဆိုဆက်ဆံမှုဆိုတာ ဘာလဲ။ ဘယ်လိုအင်္ဂါရပ်တွေပါဝင်ပါသလဲ။
ထိရောက်တဲ့ပြောဆိုဆက်ဆံမှုဆိုတာ လေးစားမှုကိုဖော်ပြရမယ်။ မျက်လုံးချင်းဆုံရမယ်။ ပွင့် လင်းမှုရှိရမယ်။ လေးလေးနက်နက်နားထောင်ရမယ်။ အသံကျယ်ကျယ်မပြောရဘူး။ ကိုယ်နေဟန် ထားကအစ ရိုးသားပွင့်လင်းမှုရှိရမယ်။ ဒီလိုမှမဟုတ်ရင် နားလည်မှုလွဲပြီး စိတ်ထဲမကျေမချမ်းခံစား လာရပါလိမ့်မယ်။ စိတ်ချင်းဝေးသလိုခံစားလာရပြီး တဖြည်းဖြည်း သံယောဇဉ်တွေလျော့ပါးလာမယ်။ ဒါကြောင့် ထိရောက်တဲ့ပြောဆိုဆက်ဆံမှုပုံစံကို လျှော့မတွက်ပါနဲ့။ ဒါက လင်မယားနှစ်ယောက်ကြား မှာ အချိတ်အဆက်ပိုမိစေပြီး ကြုံလာသမျှဘဝအခက်အခဲတွေကို နှစ်ယောက်အတူရင်ဆိုင်သွား နိုင်စေပါတယ်။
အောင်မြင်တဲ့အိမ်ထောင်ရေးဖြစ်ဖို့ အချစ်တစ်ခုတည်းနဲ့မလုံလောက်ပါဘူး။ ဂရုစိုက်မှု၊ အ လေးထားမှုနဲ့အတူ သင်တို့ကိုပိုပြီးနီးကပ်သွားစေမဲ့ပြောဆိုဆက်ဆံမှုတွေကို လိုအပ်ပါတယ်။ အိမ် ထောင်ရေးတစ်ခုမှာ ခင်ပွန်းနဲ့ဇနီးဆွေးနွေးတိုင်ပင်တဲ့အခါ “ငါ မှန်တယ်၊ နင်မှားတယ်” ဆိုတာကို သက်သေပြဖို့ တစ်ယောက်နဲ့တစ်ယောက် အပြင်းအထန်ငြင်းခုံလေ့ရှိကြပါတယ်။ အခက်အခဲပြ ဿနာတွေကို အမှန်တကယ်ကျော်လွှားချင်ရင် ဒီလိုမျိုး တစ်ယောက်နဲ့တစ်ယောက် အပြစ်ပုံချနေလို့ မရပါဘူး။ ဘယ်လိုဒေါသထွက်စရာအခြေအနေမျိုးမှာပဲဖြစ်ဖြစ် တစ်ယောက်ရဲ့ခံစားချက်ကိုတစ် ယောက်က အပြန်အလှန်နားလည်ပေးပြီး အမှန်အတိုင်းပြောပါ။ ဒီလိုပြောဆိုရာမှာလဲ လက်တွေ့အ သုံးကျမဲ့နည်းလမ်းကိုသာ ရွေးချယ်ပြောဆိုပါ။
No New Notifications