ငှက်တွေက ပျံသန်းနိုင်ပြီး လူတွေက ဘာလို့ မပျံသန်းနိုင်တာလဲ၊ ကမ္ဘာပေါ်မှာ လူ ဘယ်နှယောက်ရှိသလဲ၊ ကမ္ဘာကြီးက လည်နေတယ်ဆိုရင် လူတွေက ဘာကြောင့် လဲကျ မသွားတာလဲ၊ အစရှိတဲ့ မေးခွန်းပေါင်းများစွာကို ကျွန်မတို့ ကလေးဘဝတုန်းက လူကြီးတွေထံ မေးမြန်းခဲ့ဖူးကြပါတယ်။ ဒါပေမဲ့၊ ကျောင်းနေအရွယ် ရောက်လာတဲ့ အခါ ဒီလိုမျိုး မေးခွန်းထုတ်ရတာ ကြိုက်တဲ့ ကျွန်မတို့ရဲ့ဗီဇစိတ်တွေ တဖြည်းဖြည်း လျော့နည်းလာပါတယ်။ ကျွန်မ တို့ဟာ မပြီးဆုံးနိုင်တဲ့ စာမေးပွဲတွေအတွက် ခိုင်လုံတဲ့အချက်အလက်တွေကိုပဲ ခေါင်းထဲရိုက်သွင်းကြရတော့တာပါ။
ညစဉ်ညတိုင်း သင်ခန်းစာတွေကို အလွတ်ကျက်မှတ်တာက စာမေးပွဲမှာ ရမှတ်ကောင်းစေတယ်ဆိုပေမဲ့၊ မေးခွန်းထုတ်ချင်စိတ် ပျောက်ဆုံးသွားတာကတော့ ကျွန်မတို့အတွက် အန္တရာယ်ဖြစ်လာစေပါတယ်။ ဘာလို့လဲဆို တော့ မေးခွန်းမေးခြင်းက ဝေဖန်ပိုင်းခြားနိုင်စွမ်းကို အားကောင်းစေလို့ပါ။ မေးခွန်းတွေကြောင့် ကျွန်မတို့ရဲ့ အသိပညာ ဗဟုသုတတွေ တိုးတက်လာနိုင်ပါတယ်။ မေးခွန်းတွေကို အဖြေရှာခြင်းက ဖန်တီးဉာဏ်အတွက် အရေး ပါတဲ့ အခြေခံအုတ်မြစ်လဲ ဖြစ်ပါတယ်။ ဒါပေမဲ့၊ ကျွန်မတို့တစ်တွေဟာ အသက်ကြီးလာတာနဲ့အမျှ မေးခွန်း မေးတတ် တဲ့အကျင့်တွေ တဖြည်းဖြည်း ပျောက်ဆုံးလာပါတယ်။
“ဘာကြောင့်လဲ၊ ဒါဆိုရင် ဘာဖြစ်လိမ့်မလဲ၊ ဘယ်လိုလဲ” စတဲ့ မေးခွန်းတွေက ကလေးတွေ တစ်ချိန်လုံး မေးနေကျ မေးခွန်းအမျိုးအစားတွေပါ။ ကျွန်မတို့ လူကြီးတွေအနေနဲ့ ဒီမေးခွန်းတွေကို ထိထိရောက်ရောက် အသုံးချ တတ်မယ်ဆိုရင်၊ မှန်ကန်တဲ့မေးခွန်းတွေ ရွေးချယ်တတ်မယ်ဆိုရင် စီးပွားရေးနယ်ပယ်မှာရော၊ ကိုယ်ရေးကိုယ်တာ ဘဝမှာပါ အောင်မြင်မှုတွေ ရရှိလာပါလိမ့်မယ်။
No New Notifications