Boundaries with Kids

Henry Cloud and John Townsend
  •  28 min
  •  Audio Available

သင့်ကလေးကျောင်းချိန်အမှီရောက်ဖို့ မနက်လင်းကတည်းက အပြေးအလွှားပြင်ဆင်ရတယ်။ ကလေးကို မနက်စာကျွေးရ၊ သန့်ရှင်းရေးလုပ်ပေးရ၊ အဝတ်အစားလဲပေးရ၊ ထမင်းချိုင့်ထည့်ရ၊ လွယ် အိတ်ပြင်ပေးရနဲ့ သင်တစ်ယောက်တည်းပျားပန်းခပ်အလုပ်ရှုပ်နေပေမဲ့ သင့်ကလေးကတော့ အေး ဆေးပဲ။ ညနေကျောင်းကပြန်လာတော့လဲ ထမင်းချိုင့်ဆေးပေးရ၊ ရေမိုးချိုးပေးရတဲ့အပြင် ကျောင်းက ပါလာတဲ့အိမ်စာတွေကိုပါ ကူလုပ်ပေးရတယ်။ သင်ကသာ ဘေးကနေ ဒီလိုမျိုးအမောတကောလုပ် ပေးနေပေမဲ့ သင့်ကလေးတွေကတော့ စာကျက်ဖို့သိပ်စိတ်မဝင်စားကြပါဘူး။

ဒီလိုဖြစ်နေတာဟာ ဘာကြောင့်လို့ သင်ထင်ပါသလဲ။ အဓိကပြဿနာက ကလေးတွေကိုယ် တိုင်လုပ်ရမဲ့တာဝန်ကို မိဘတွေကတာဝန်ယူလုပ်ဆောင်ပေးနေတာကြောင့် ဖြစ်ပါတယ်။ မိဘတွေက ကလေးတွေ ကျောင်းကိုအချိန်မီရောက်ရေးကို သူတို့တာဝန်လို့ တစ်ထစ်ကျယုံကြည်ထားကြတယ်။ ဒါကြောင့်လဲ ကလေးတွေက ကျောင်းနောက်ကျခြင်း၊မကျခြင်းက သူတို့နဲ့မဆိုင်ဘူးလို့ တွေးလာကြ ပါတယ်။ ဒီလိုနဲ့ကလေးတွေဟာ အောင်မြင်မှုအတွက် အဓိကလိုအပ်ချက်ဖြစ်တဲ့ကိုယ့်ကိုယ်ကိုယ် တာဝန်ယူချင်စိတ်ပျောက်ဆုံးလာကြတယ်။

ဒီနေ့ခေတ်မှာ မိသားစုတွင်းပဲဖြစ်ဖြစ်၊ ကျောင်းမှာပဲဖြစ်ဖြစ်၊ လူမှုအသိုင်းအဝိုင်းမှာပဲဖြစ်ဖြစ် တာဝန်ယူလိုစိတ်ကင်းမဲ့မှုကြောင့် ဖြစ်ပေါ်လာတဲ့နောက်ဆက်တွဲပြဿနာတွေ ဒုနဲ့ဒေးရှိပါတယ်။ ဒါကြောင့် ကိုယ့်သားသမီးကို ကိုယ့်တာဝန်ကိုယ်ယူတတ်အောင်၊ ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းတတ် အောင်၊ ကိုယ့်အားကိုယ်ကိုးတတ်အောင် လေ့ကျင့်သင်ကြားပေးရမှာ မိဘတိုင်းရဲ့တာဝန်ဖြစ်ပါတယ်။ “ယနေ့လူငယ် နောင်ဝယ်လူကြီး” ဆိုတဲ့စကားအတိုင်း ကိုယ့်သားသမီးတွေကို ငယ်စဉ်ကတည်းက စည်းကမ်းတကျနေတတ်ထိုင်တတ်အောင် သင်ကြားပေးမှသာ ကိုယ့်တာဝန်ကိုယ်သိတဲ့လူကြီးတွေ အဖြစ် ကြီးပြင်းလာနိုင်မှာဖြစ်ပါတယ်။


    •        ကလေးမိဘတွေ
    •        ကလေးနဲ့ အနီးကပ်နေထိုင်ရသူတွေနဲ့
    •        ကလေးယူဖို့စဉ်းစားထားတဲ့ မိဘလောင်းတွေ



    •        ကလေးတွေကို စည်းကမ်းတကျကြီးပြင်းလာအောင် ဘာကြောင့်ပြုစုပျိုးထောင်သင့်ကြောင်း
    •        မိဘတွေကိုယ်တိုင်က ကလေးတွေအတွက်စံနမူနာယူထိုက်တဲ့သူ ဘာကြောင့်ဖြစ်သင့် ကြောင်း
    •        ကလေးတွေကို စိတ်သဘောထားကောင်းမွန်ပြီး အကျင့်စာရိတ္တကောင်းတဲ့ ကလေးတွေဖြစ် အောင် ဘယ်လိုနည်းလမ်းတွေနဲ့ လေ့ကျင့်သင်ကြားပေးနိုင်ကြောင်း