အချိန်အကန့်အသတ်တစ်ခု သတ်မှတ်ပြီး အဲဒီအချိန်အတွင်း အစားမစားဘဲနေတာကို Fasting လုပ်တယ် လို့ ခေါ်ပါတယ်။ Fasting လုပ်တာက သင့်ရဲ့ ကျန်းမာရေးပြဿနာ အကုန်လုံးကို ဖြေရှင်း နိုင်တာ မျိုးမဟုတ်ပေမဲ့ ၊ ဘယ်နေထိုင်မှုပုံစံနဲ့မဆို ကိုက်ညီတဲ့အရာပါ။ Fasting လုပ်ခြင်းအားဖြင့် သင့်ခန္ဓာကိုယ်နဲ့ သင့်ရဲ့ဟော်မုန်းပမာဏတို့ အပေါ် အကျိုးသက်ရောက်ပုံကို နားလည်တာက သင်နဲ့အကိုက်ညီဆုံးဖြစ်မယ့် စားသောက်ပုံနဲ့ နေပုံထိုင်ပုံကို သိစေမှာ ဖြစ်ပါတယ်။
သင် Fasting စလုပ်တော့မယ်ဆိုရင် ကျွမ်းကျင်သူနဲ့တွေ့ကြည့်ပါ။ သင့်ခန္ဓာကိုယ်ကပြောတဲ့ စကားတွေကို နားထောင်ပါ။ လူတစ်ယောက်နဲ့တစ်ယောက် မတူနိုင်တာကြောင့် သင့်မိတ်ဆွေအတွက် အလုပ်ဖြစ်တဲ့နည်းလမ်းက သင်နဲ့ အဆင်ပြေချင်မှပြေပါလိမ့်မယ်။ ဒါအတွက် မပူပါနဲ့။ တစ်ခုပြီးတစ်ခု စမ်းကြည့်ပြီး ခန္ဓာကိုယ်ကို ညင်ညင် သာသာ ဆက်ဆံပေးပါ။ သင်က ခရီးတစ်ခုခုထွက်ဖို့ ရှိတယ်ဆိုရင် အဲ့ဒီလမှာ ရက် ၃၀ ကြာရှည်တဲ့ Fasting ကို အတင်းမလုပ်ပါနဲ့။ ဒါမှမဟုတ် သင်က အလုပ်ပိတ်ရက်မှာ မိသားစုနဲ့ စားကြသောက်ကြမယ်ဆိုရင် မစားဘူး ဆိုပြီး အတင်းကြီး တင်းမခံပါနဲ့။ နောက်ရက်ကျရင်သာ သင့်ရဲ့ပုံမှန် Fasting ပုံစံအတိုင်း ဆက်နေသွားရင် ရပါပြီ။ သင် မမေ့ရမှာက Fasting လုပ်တယ်ဆိုတာ အချိန်အတိုင်းအတာတစ်ခုတော့ ပေးရမှာဖြစ်ပြီး၊ ရလဒ်ကို သိသိသာသာ တွေ့ရပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ ကျွန်မတို့ရဲ့ခန္ဓာကိုယ်က ဒီလိုလုပ်ဖို့အတွက် တည်ဆောက်ထားတာကြောင့် ပါပဲ။
No New Notifications