101 Essays That Will Change the Way You Think

Brianna Wiest
  •  30 min
  •  Audio Available

လောကကြီးမှာ ကျွန်မတို့ မလိုချင်တဲ့ပြဿနာတွေနဲ့အခက်အခဲတွေ အမြောက်အမြားရှိပါလိမ့်မယ်။ အဲ့ဒီထဲမှာ စိတ်ပျက်စရာလူတွေနဲ့ ပေါင်းသင်းဆက်ဆံနေရတာတွေ၊ မပျော်ဘဲ လုပ်နေရတဲ့အလုပ်တွေလဲ ပါဝင် ပါလိမ့်မယ်။ ဒီလိုခံစားချက်တွေအတွက် လူအများစုဟာ ကြုံတွေ့နေရတဲ့အခြေအနေကိုပဲ အပြစ်ပုံချ တတ်ကြပါ တယ်။ ဘယ်သူကမှ ကိုယ့်ရဲ့တွေးခေါ်ပုံ နည်းလမ်းကို ပြောင်းလဲဖို့ မကြိုးစားကြပါဘူး။

ကျွန်မတို့ရဲ့အတွေးပုံစံကို ပြောင်းလဲခြင်းဖြင့် ကျွန်မတို့ရဲ့ဘဝကို ပြောင်းလဲနိုင်ပါတယ်။ ဘာ လို့လဲဆိုတော့ အတွေးပုံစံကိုပြောင်းလဲလိုက်တာနဲ့ ကျွန်မတို့ရဲ့ခံစားချက်တွေလဲ ပြောင်းလာမှာမို့ပါ။ ဒါပေမဲ့ ကျွန်မတို့ရဲ့ အတွေး ပုံစံကို ပြောင်းလဲဖို့ဟာ မလွယ်ကူတဲ့ကိစ္စတစ်ခုပါပဲ။

ဘဝအတွက်အရေးပါတဲ့အရာတွေကို အကောင်းဆုံးဆုံးဖြတ်နိုင်ဖို့ ကျွန်မတို့ရဲ့အတွေးပုံစံကို သေချာ သတိထားရပါမယ်။ ဒါမှသာ ကြုံတွေ့လာတဲ့အရာတွေကို အကောင်းဘက်ကနေ ခံစားနိုင်မှာပါ။ ကိုယ့်ကိုယ်ကို တန်ဖိုးထား ယုံကြည်လာပြီး ဘဝကို ယုံကြည်မှုရှိရှိနဲ့ ဖြတ်သန်းနိုင်မှာလဲ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်မတို့ကိုယ် ကျွန်မတို့ ကြင်နာဖို့ လိုပါတယ်။ ဒါမှသာ လောကကြီးကို ကြင်နာမှုအပြည့်နဲ့ ဆက်ဆံနိုင်ပါလိမ့်မယ်။

    •        တစ်ခုခုဖြစ်ပြီဆိုတာနဲ့ အခြားအရာတွေနဲ့ အခြားသူတွေအပေါ်မှာ အလွယ်တကူအပြစ်ပုံချ တတ်သူတွေ
    •        မိမိကိုယ်ကို သိမြင်လက်ခံမှုအားကောင်းအောင် လေ့ကျင့်ပျိုးထောင်လိုသူတွေ
    •        လူမှုပတ်ဝန်းကျင်မှာ ဆက်ဆံရေးတိုးတက်ကောင်းမွန်လိုသူတွေ


    •        ကျွန်မတို့ရဲ့အတွေးပုံစံက ကျွန်မတို့ရဲ့ဘဝကို ဘယ်လိုပုံဖော်ပေးကြောင်း
    •        ကျွန်မတို့ရဲ့အတွေးပုံစံကို ပြောင်းလဲဖို့ဘာတွေလိုအပ်ကြောင်း
    •        လက်ရှိလူမှုဆက်ဆံရေးကို ဘာကြောင့်ပြန်လည်သုံးသပ်သင့်ကြောင်း