ဘယ်လိုအရည်အချင်းတွေက လူတစ်ယောက်ကိုအောင်မြင်စေတာပါလဲ။ ဒီမေးခွန်းကို သင် အမြဲသိချင်နေပါသလား။ လုပ်ငန်းခွင်မှာ အမျိုးသမီးတွေရင်ဆိုင်နေရတဲ့ ထူးခြားတဲ့စိန်ခေါ်မှုတွေကို အလေးပေးဖော်ပြထားတဲ့ ကိုယ့်ကိုယ်ကိုတိုးတက်ရာတိုးတက်ကြောင်းနည်းလမ်းကောင်းတွေကို ရှာ ဖွေနေပါသလား။ ဒါဆိုရင် ဒီစာအုပ်က သင့်အတွက် လက်မလွှတ်သင့်တဲ့စာအုပ်တစ်အုပ်ဖြစ်ပါတယ်။ ဒီစာအုပ်ထဲမှာ စာရေးသူဂျန်မာရိုဒယ် (Jemma Roedel) က အောင်မြင်သူတွေရဲ့အရည်အချင်းတွေ နဲ့ ဒီလိုအောင်မြင်ရေးအမူအကျင့်တွေကို ဘယ်လိုမွေးမြူရမယ်ဆိုတဲ့နည်းလမ်းတွေအကြောင်းကို အ သေးစိတ်ဖော်ပြထားပါတယ်။ သူမရေးသားတဲ့ ခေါင်းဆောင်မှုဆိုင်ရာအကြံပြုချက်တွေကို လူတိုင်း အသုံးချနိုင်တယ်ဆိုပေမဲ့ သူမဟာ အမျိုးသမီးခေါင်းဆောင်တွေကိုအဓိကရည်ရွယ်ပြီး ရေးသားထား တာဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ လုပ်ငန်းခွင်မှာ အမျိုးသမီးတွေဟာ ပုံသေကားကျဆက်ဆံရေး ပုံစံတွေ၊ သူတို့ကိုယ်သူတို့ ယုံကြည်လက်ခံထားတဲ့ယုံကြည်မှုတွေကြောင့် အမျိုးသားတွေနဲ့မတူတဲ့ အခက်အခဲတွေကို ရင်ဆိုင်ကြရပါတယ်။ ဒါကြောင့် အမျိုးသမီးတွေအနေနဲ့ ဒီအတားအဆီးတွေကို ကျော်လွှားပြီး စီးပွားရေးနယ်ပယ်မှာခေါင်းဆောင်ကောင်းတွေဖြစ်လာဖို့ ရည်ရွယ်ရေးသားထားခြင်း ဖြစ်ပါတယ်။
No New Notifications