Toxic Parents

Susan Forward
  •  34 min
  •  Audio Available

ကျွန်မတို့ဟာ အသက်ကြီးလာတဲ့တစ်နေ့ ကိုယ်ပိုင်အလုပ်အကိုင်နဲ့ ကိုယ်ပိုင်မိသားစုရှိလာတဲ့ အခါ မိဘတွေရဲ့လွှမ်းမိုးမှုအောက်ကနေ အပြီးအပိုင်လွတ်မြောက်သွားလိမ့်မယ်လို့ ထင်တတ်ကြပါ တယ်။ ဒါပေမဲ့ ဒီပတ်သက်မှုက ကျွန်မတို့ယုံကြည်ထားသလို တိတိရိရိပြတ်သွားတာမျိုးတော့ မ ဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ မိဘဆိုတာ ကျွန်မတို့ဘဝရဲ့အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ ကျွန်မ တို့ကြီးပြင်းခဲ့ရတဲ့ ကလေးဘဝပုံစံက ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ ကျွန်မတို့နဲ့အတူ ဒွန်တွဲပါ နေမှာပဲဖြစ်ပါတယ်။

အသိပညာကြွယ်ဝတဲ့မိသားစုတစ်စုမှာ မိဘတွေက သားသမီးတွေကို စိတ်လုံခြုံမှုအပြည့်အဝ ပေးနိုင်ပါတယ်။ သားသမီးတွေကို တန်ဖိုးထားချစ်မြတ်နိုးကြောင်းလဲ ဖော်ပြပေးနိုင်တယ်။ ဒါပေမဲ့ အချို့လူတွေရဲ့ကလေးဘဝက နွေးထွေးပျော်ရွှင်စရာမကောင်းကြပါဘူး။ အချို့သောမိဘတွေက အ ကြောင်းပြချက်အမျိုးမျိုးနဲ့ ကလေးတွေကို စိတ်ဒဏ်ရာတွေပေးတတ်ကြပါတယ်။ သူတို့ရဲ့လုပ်ရပ် တွေက ရည်ရွယ်ချက်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ သားသမီးရဲ့စိတ်မှာ အပျက်အစီးအထိအခိုက်က တော့ ရှိနေမှာပါပဲ။ ပိုဆိုးတာက ဒီစိတ်ဒဏ်ရာတွေက ကလေးတွေရဲ့စိတ်မှာ ကျိန်စာတစ်ခုလို စွဲမြဲ ထင်ကျန်နေတတ်ပါတယ်။ ဒါကြောင့် လူလားမြောက်လာသည်အထိ ဒီစိတ်ဒဏ်ရာတွေက လိုက်ပါ လာခဲ့ပါတယ်။

တစ်ခါတလေ သင်ဟာ ကိုယ့်ကိုယ်ကိုယ်သိမ်ငယ်စေတဲ့စကားလုံးတွေကို ကိုယ်တိုင်ပဲပြော နေမိတာမျိုးကို ကြုံဖူးမှာပါ။ ဥပမာ - “ငါတော့ ဘယ်သူ့ကိုမှ မယုံကြည်တော့ဘူး။ ငါက ဂရုစိုက်ခံရဖို့ မထိုက်တန်ဘူး။ ငါက ဘာကိုမှ ဖြစ်ဖြစ်မြောက်မြောက်မလုပ်တတ်ဘူး” စတဲ့စကားလုံးတွေ သင့် ကိုယ်သင်ပြောဖူးပါလိမ့်မယ်။ ဒီအတွေးတွေက ဘယ်နေရာကမှ ထွက်ပေါ်လာတာမဟုတ်ပါဘူး။ လူတွေရဲ့မသိစိတ်ကနေ ဆင်းသက်လာတာဖြစ်ပါတယ်။ များသောအားဖြင့် ပျော်ပျော်ရွှင်ရွှင်မရှင် သန်နိုင်ခဲ့တဲ့မိသားစုတွေကနေ ပုံဖော်ပေးလိုက်တဲ့ အတွေးစိတ်ကူးတွေဖြစ်ပါတယ်။

ဒါဆိုရင် ကျွန်မတို့အနေနဲ့ ဒီကျိန်စာတွေကို ဘယ်လိုချေဖျက်မလဲ။ ကိုယ့်သားသမီးကို ထိခိုက် နာကျင်စေတဲ့မိဘတိုင်းဟာ သားသမီးတွေအတွက် အဆိပ်သင့်မိဘတွေဖြစ်တယ်လို့ စာရေးသူ ဆူ ဆန်ဖော်ဝါ့ဒ်ကဖော်ပြထားပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ရဲ့လုပ်ရပ်က သားသမီးရဲ့ဘဝတစ် လျှောက်လုံးကို အဆိပ်သင့်စေသလို ကလေးတွေရဲ့ကောင်းကျိုးသုခအဖြာဖြာကို ထိခိုက်စေပါတယ်။ ကလေးတွေရဲ့ကိုယ်ပိုင်လက္ခဏာရပ်တွေကို ထိခိုက်ပျက်စီးစေပါတယ်။ ကြားဝင်ဖြေရှင်းမှုသာမရှိရင် ဒီစိတ်ဒဏ်ရာတွေကို ဘယ်တော့မှကုစားလို့ရတော့မှာ မဟုတ်ပါဘူး။ ဒါကြောင့် စာရေးသူဆူဆန် ဖော်ဝါ့ဒ်က အဆိပ်သင့်မိဘတွေရဲ့အပြုအမူပုံစံတွေနဲ့ ဒီအပြုအမူတွေရဲ့အကျိုးဆက်ကို ဒီစာအုပ်ထဲ မှာ သေချာရှင်းပြထားပါတယ်။ ကျွန်မတို့ဆီမှာ ပျောက်ဆုံးနေတဲ့သတ္တိနဲ့ခွန်အားတွေကို ဘယ်လိုနည်း လမ်းနဲ့ပြန်လည်ရယူနိုင်ကြောင်း၊ ကြောက်စရာကောင်းတဲ့ဒီအဆိပ်သင့်စက်ကွင်းထဲကနေ ဘယ်လို ရုန်းထွက်နိုင်ကြောင်းနဲ့ မိဘတွေရဲ့လောင်းရိပ်အောက်က ဘယ်လိုရုန်းထွက်နိုင်ကြောင်းကို ဒီစာအုပ် ထဲမှာ အသေးစိတ်ဖော်ပြထားပါတယ်။


    •        ကလေးမိဘတွေ
    •        ကလေးမိဘဖြစ်လာမဲ့သူတွေနဲ့
    •        ကလေးနဲ့လက်ပွန်းတတီးနေရသူတွေ



    •        အဆိပ်သင့်မိဘတွေဆိုတာ ဘယ်လိုမိဘမျိုးတွေဖြစ်ကြောင်း
    •        အဆိပ်သင့်မိဘတွေကြောင့် ကလေးတွေမှာ ဘယ်လိုစိတ်ဒဏ်ရာရနိုင်ကြောင်း
    •        ဒီကြောက်စရာစက်ကွင်းထဲကနေ ဘယ်လိုနည်းလမ်းတွေနဲ့ ရုန်းထွက်နိုင်ကြောင်း