Not Nice

Aziz Gazipura
  •  25 min
  •  Audio Available

လူတိုင်းနဲ့ ဆက်ဆံရေးအဆင်ပြေအောင်မြင်ဖို့ သဘောကောင်းဖော်ရွေရမယ်လို့ ကျွန်မတို့ ငယ်စဉ်ကတည်းက သင်ကြားခံခဲ့ရပါတယ်။ ဒါကြောင့်လဲ လူတွေနဲ့ပဋိပက္ခမဖြစ်အောင် အတတ်နိုင် ဆုံးရှောင်တယ်။ ကိုယ့်လိုအပ်ချက်ထက် သူများလိုအပ်ချက်ကို ဦးစားပေးလာတယ်။ ဆက်ဆံရေး တိုင်းမှာ သူများသဘောကျအောင်နေထိုင်လာကြတယ်။ ဒီလိုနဲ့ အချိန်ကြာလာတဲ့အခါ ကိုယ့်ကိုယ် ကိုယ် အားမလိုအားမရဖြစ်တဲ့စိတ်ပေါ်ပေါက်လာပြီး ကိုယ့်စိတ်နဲ့ကိုယ့်ကိုယ် အချိတ်အဆက်မမိသလို ခံစားလာရပါတယ်။ လူအများကြိုက်အောင်နေရတဲ့အတွက် ဘာစည်းကမ်းသတ်မှတ်ချက်မှ မထား နိုင်ပါဘူး။ သင်စိတ်ထဲမကြိုက်လဲ မငြင်းရဲဘူး။ သင့်ဆန္ဒအမှန်ကိုလဲ ထုတ်မပြောရဲပါဘူး။

ဒါကြောင့် လူကောင်းဆိုတဲ့စကားလုံးထောင်ချောက်ထဲကနေ ရုန်းထွက်ပြီး တကယ့်စစ်မှန် ပြည့်ဝတဲ့ဘဝတစ်ခုကို တည်ဆောက်ဖို့အချိန်တန်ပါပြီ။ ဒီလိုပြောလို့ သင့်ရဲ့သဘောကောင်းတဲ့ ကြင် နာစိတ်ကို စွန့်ပစ်စရာမလိုပါဘူး။ အဲဒီအစား သင့်အစွမ်းအစတွေကို ဖော်ထုတ်ပါ။ ရှင်းလင်းတဲ့စည်း ဘောင်တွေကို ချမှတ်ပါ။ သင့်အတွေးနဲ့ သင့်ခံစားချက်တွေကို ယုံကြည်ချက်ရှိရှိ ထုတ်ဖော်ပြောလိုက် ပါ။


    •        တစ်ဖက်လူ စိတ်ကွက်သွားမှာစိုးပြီး ကိုယ့်ဆန္ဒအမှန်ကို ထုတ်ပြောဖို့ခက်ခဲနေသူတွေ
    •        သူတစ်ပါးအပေါ် လိုတာထက်ပိုပြီးလိုက်လျောတတ်သူတွေ
    •        ရေရှည်မြဲမြံတဲ့ဆက်ဆံရေးကို တည်ဆောက်လိုသူတွေ



    •        လူအများကျေနပ်အောင်နေခြင်းက သင့်ကောင်းကျိုးသုခအဖြာဖြာကို ဘယ်လိုထိခိုက်စေနိုင် ကြောင်း
    •        ကိုယ့်ဆန္ဒအမှန်ကိုဖုံးကွယ်ထားခြင်းက စစ်မှန်တဲ့ဆက်ဆံရေးကို ဘာကြောင့်မတည်ဆောက် ပေးနိုင်ကြောင်း
    •        သူများလိုအပ်ချက်ထက် ကိုယ့်လိုအပ်ချက်ကို ဘာကြောင့်အရင်ဖြည့်ဆည်းသင့်ကြောင်း