ဒီစာအုပ်ကတော့ HIV-AIDS၊ အီဘိုလာ၊ ဇီကာနဲ့ ကိုဗစ်-၁၉ကပ်ရောဂါတို့ကို ရင်ဆိုင်ရာမှာ အဓိကနေရာကနေ ပါဝင်ခဲ့တဲ့ဆရာဝန်တစ်ယောက်ရဲ့အကြောင်းပဲဖြစ်ပါတယ်။ ဒီလိုရင်ဆိုင်ရာမှာ သူဟာ သူ့ရဲ့ကိုယ်ရေးကိုယ်တာပိုင်းမှာရော၊ အလုပ်မှာပါအခက်အခဲတွေအများကြီးကို ကြုံတွေ့ရသ လို အမေရိကန်နိုင်ငံရဲ့ကျန်းမာရေးစနစ်ရှုပ်ထွေးမှုတွေရယ်၊ ကျန်းမာရေးကပ်ဘေးတွေအပေါ် နိုင်ငံ ရေးနဲ့ လူမှုရေးသက်ရောက်မှုတွေစတဲ့အဖြစ်အပျက်များစွာကို ကြုံခဲ့ရပါတယ်။ ဖောက်စီက ဒီလိုအ ခက်အခဲတွေကိုရင်ဆိုင်ရာမှာ သိပ္ပံပညာ၊ သည်းခံစိတ်၊ ပြုပြင်ပြောင်းလဲလိုစိတ်တွေရဲ့အရေးပါပုံကို ပြသနိုင်ခဲ့ပါတယ်။ သူက ဘယ်လိုအနားယူဖြစ်ခဲ့တယ်၊ နောက်မျိုးဆက်သစ်တွေဆီကနေ ဘာတွေ မျှော်လင့်ထားတယ်ဆိုတာတွေကို အများအတွက် သူ့အသိပညာတွေအခမဲ့ဝေမျှရင်း ပြန်လည်ပြော ပြကာ စည်းလုံးမှုနဲ့သိပ္ပံပညာအပေါ်ယုံကြည်မှုက အနာဂတ်ကျန်းမာရေးကပ်ဘေးတွေအတွက် ဘယ် လောက်အဓိကကျတယ်ဆိုတာကို ချပြသွားခဲ့တာပဲဖြစ်ပါတယ်။
No New Notifications