သင့်ဆီမှာ လက်ရှိအနေအထားထက် ပိုကောင်းတဲ့ဘဝတစ်ခုကို ဖန်တီးနိုင်တဲ့အစွမ်းအစတွေ ရှိနေပေမဲ့၊ ဘဝက လက်ရှိ အနေအထားကနေ တိုးတက် မလာတာမျိုး ခံစားဖူးပါသလား။ သင်ဟာ ရည်မှန်းချက်ပန်းတိုင်တွေ ကြိုးစားချမှတ်တယ်။ အကောင်းမြင်စိတ် မွေးတယ်။ စိတ်ဓာတ် လှုံ့ဆော်ရေး ဟောပြောပွဲတွေ တက်တယ်။ ဒါပေမဲ့၊ ဘာတစ်ခုမှ တိုးတက်မလာဘဲ ဒုံးရင်းအတိုင်းပဲဖြစ်နေတယ် ဆိုပါစို့။ ဒီလို တိုးတက်မှုရပ်ဆိုင်းတာက သင့်အနေနဲ့ ဗဟုသုတ နည်းတာကြောင့် မဟုတ်သလို ၊ အစွမ်းအစ မရှိတာကြောင့်လဲ မဟုတ်ပါ။ သင့်ရဲ့စိတ်ပိုင်းဆိုင်ရာ အလေ့အကျင့်တွေနဲ့ အပြုအမူတွေကြောင့် တိုးတက်မှု ရပ်ဆိုင်း နေတာ ဖြစ်ပါတယ်။ ပါရာဒိုင်း ဆိုတာ ကျွန်မတို့ လက်ခံထားတဲ့ စံနမူနာနဲ့ အတွေးပုံစံတွေကို ရည်ညွှန်းပါတယ်။ ဒီအရာတွေက ကျွန်မတို့ရဲ့အပြုအမူကို အများကြီး ဆုံးဖြတ်ပေးနိုင်ပါတယ်။ ဒါပေမဲ့၊ ဒီပါရာဒိုင်းတွေကို ကျွန်မတို့ ပြောင်းလဲနိုင်ပါတယ်။ ဒီလို ပြောင်းလဲခြင်းဖြင့် ကျွန်မတို့ရဲ့စွမ်းရည်တွေကို ဘဝနယ်ပယ်အသီးသီးမှာ ဖော်ထုတ်နိုင်ပါတယ်။
No New Notifications