မြေရှင်ပဒေသရာဇ်စနစ်ဟာ မြေရှင်တွေက အခကြေးငွေယူပြီး သူတို့ရဲ့မြေကို အသုံးပြုခွင့် ပေးတဲ့စနစ်ပါ။ အရင်းရှင်စနစ်ကတော့ အမြတ်ကိုဦးစားပေးတာဖြစ်ပြီး လွတ်လပ်တဲ့ဈေးကွက်မှာ အ မြတ်ရဖို့အတွက် အလုပ်သမားတွေကို ကုန်ပစ္စည်းနဲ့ဝန်ဆောင်မှုတွေ ဖန်တီးထုတ်လုပ်စေတာ ဖြစ်ပါ တယ်။ ဒါပေမဲ့ ဒီနေ့ခေတ်မှာ အမြတ်ငွေကိုအဓိကထားတဲ့ အရင်းရှင်တွေနဲ့ ဈေးကွက်တွေက နိုင်ငံရဲ့ စီးပွားရေးကို မချုပ်ကိုင်နိုင်တော့ဘဲ နည်းပညာကုမ္ပဏီကြီးတွေကအုပ်စိုးလာပါပြီ။ သူတို့က ဈေးကွက် တွေကို နံရံပိတ်စီးပွားရေးဇုန်တွေနဲ့ အစားထိုးလိုက်ပြီး အရင်းရှင်တွေက သူတို့ကို ငှားခပေးရသလို နိုင် ငံသားတွေက လခမရတဲ့ကျေးကျွန်တွေဖြစ်လာကြပါတယ်။
No New Notifications