We should all be Millionaires

Rachel Rodgers
  •  21 min
  •  Audio Available

ကမ္ဘာ့သန်းကြွယ်သူဌေးအများစုက အမျိုးသားတွေ ဖြစ်ပြီး၊ အမျိုးသမီးသန်းကြွယ်သူဌေးဆိုတာ ၁၀ ရာခိုင်နှုန်းလောက်သာ ရှိပါတယ်။ ဒါဟာ၊ အမျိုးသမီးတွေအနေနဲ့ ငွေကြေးနဲ့ပတ်သက်လာရင် သူတို့ကိုယ် သူတို့ အစွမ်းအစ မရှိပါဘူးလို့ တွေးနေတာကြောင့် ဖြစ်ပါတယ်။ ဒီလိုဖြစ်ရတာကလဲ လွန်ခဲ့တဲ့ ရာစုနှစ်ပေါင်း များစွာကတည်းက လူ့အဖွဲ့အစည်းမှာ မဟာဖိုဝါဒ ကြီးစိုးခဲ့ခြင်း၊ အမျိုးသမီးတွေကို လုပ်ပိုင်ခွင့် မပေးခြင်းတို့ ကြောင့် ဖြစ်နိုင်ပါတယ်။ ဒီစာအုပ်ထဲမှာ အမျိုးသမီးတွေအဖို့ လုပ်အားခ ပိုတောင်းလို့ ရနိုင်မဲ့ နည်းလမ်းတွေနဲ့ ချမ်းသာကြွယ်ဝခြင်းက သူတို့ကိုယ်တိုင် အတွက်သာမက အခြားသူတွေအတွက်ပါ အကျိုးရှိကြောင်းတွေကို အသေးစိတ် ဖတ်ရှုရမှာ ဖြစ်ပါတယ်။

    •        ကိုယ်က အမျိုးသမီး ဖြစ်နေလို့ အမျိုးသားတွေလောက် ငွေမရှာနိုင်ဘူးဆိုပြီး ကိုယ့်ကိုယ်ကိုယ် သိမ်ငယ်စိတ် ဝင်နေသူတွေ။
    •        မိသားစုကိစ္စ၊ အိမ်မှုကိစ္စတွေကြောင့် ကိုယ့်ဝါသနာရာကို မလိုက်စားနိုင်တဲ့ အမျိုးသမီးတွေ။
    •        အရာရာကို ချွေတာသုံးစွဲမယ်ဆိုတဲ့စိတ်နဲ့ ဒီအတိုင်း ဘဝကို ရေစုန်မျောထားတဲ့ အမျိုးသမီးတွေ။


    •        ငွေကြေးရှာဖွေတဲ့နေရာမှာ အမျိုးသမီးတွေဟာ ဘာကြောင့် သူတို့ကိုယ်သူတို့ ယုံကြည်ချက် နည်းပါး နေကြောင်း။
    •        အမျိုးသမီးတစ်ယောက်ဟာ သူ့ဘဝကို အိမ်ရှင်မတစ်ယောက်အနေနဲ့ ဘာကြောင့် အဆုံးမသတ် သင့်ကြောင်း။
    •        အမျိုးသမီးတစ်ယောက်ကြွယ်ဝချမ်းသာခြင်းက လောကကောင်းကျိုးကို ဘယ်လို သယ်ပိုးပေးနိုင် ကြောင်း။