How Children Succeed

Paul Tough
  •  21 min
  •  Audio Available

မိဘတိုင်းဟာ ကိုယ့်သားသမီးတွေကို အောင်မြင်ကြီးပွါးသူတွေအဖြစ် ကြီးပြင်းလာစေချင်ကြတာပါပဲ။ ဒီဆန္ဒဟာ ဒီကနေ့ခေတ်မှာ ပိုလို့ ထင်ရှားလာပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီကနေ့ခေတ်မှာဆိုရင် ကလေးတွေရဲ့ သိမှု နှိုးဆွပေးခြင်း(Cognitive Stimulation) ကို အထောက်အပံ့ဖြစ်ဖို့ ရည်ရွယ်ထားတဲ့ လှုပ်ရှားမှုတွေနဲ့ ဆွေးနွေးမှုတွေ ခေတ်စားလာလို့ ဖြစ်ပါတယ်။ ပြီးတော့၊ မိဘတော်တော်များများက သူတို့ရဲ့ သားသမီး အတန်းထဲမှာ အဆင့်ကောင်းကောင်းရဖို့အတွက်ဆိုရင် ငွေကြေးဘယ်လောက်ကုန်ကုန် မညည်း မညူဘဲ သုံးစွဲတတ်ပါတယ်။

ဒီလိုအတွေးတွေရဲ့နောက်ကွယ်မှာ ဘာတွေရှိနေပါသလဲ။ ကလေးတစ်ယောက် ကြီးပြင်းလာရတဲ့ ဘဝ အခြေအနေနဲ့ သူ့ရဲ့ကျွမ်းကျင်မှုအစုစုတို့က သူ့အဖို့ သိမှုတိုးတက်ခြင်းအတွက် (cognitive development) ဘယ်လောက်အရေးပါသလဲ။ မိဘတစ်ယောက်ဟာ စိတ်ဒဏ်ရာ ရနေတဲ့ကလေးတစ်ယောက်ကို ဘယ်လို အကောင်းဆုံး ပံ့ပိုးပေးနိုင်သလဲ။ ပြီးတော့၊ ကလေးတစ်ယောက်ကို ဇွဲလုံ့လရှိသူ၊ တာဝန်သိတတ်သူ ဖြစ်အောင် ဘာကြောင့် သင်ကြားပေးသင့်သလဲ။ ဒီမေးခွန်းတွေရဲ့ အဖြေအားလုံး ဒီစာအုပ်ထဲမှာ ရှိနေပါတယ်။


    •        ကလေးမိဘတွေ။
    •        ကလေးနဲ့ လက်ပွန်းတတီးနေရသူတွေ။


    •        ကလေးဘဝက စိတ်ဒဏ်ရာဟာ လူကြီးဘဝကို ဘယ်လိုအကျိုးသက်ရောက်စေကြောင်း။
    •        ကလေးတစ်ယောက် အောင်မြင်ဖို့အတွက် သိမှုစွမ်းရည်တစ်ခုတည်းနဲ့ မလုံလောက်တဲ့အကြောင်း။
    •        လူတစ်ယောက်အောင်မြင်ဖို့အတွက် လိုအပ်တဲ့ တွေးခေါ်ပုံနဲ့ ခံစားချက်များအကြောင်း။