ဒီစာအုပ်ကတော့ ဒီနေ့ခေတ် အလှအပစံနှုန်းတွေရဲ့ကောင်းကျိုးနဲ့ ဆိုးကျိုးတွေအကြောင်းကို ပြောပြထားတာပဲ ဖြစ်ပါတယ်။ ဒီနေ့လို ဒစ်ဂျစ်တယ်ခေတ်မှာ အလှအပစံနှုန်းသတ်မှတ်ချက်တွေက အရွယ်စုံအမျိုးသမီးတွေကြားမှာ ပိုပြီးမြင့်မားလာသလို တောင်းဆိုမှုတွေလည်း ပိုများလာကြပြီပဲ ဖြစ် ပါတယ်။ အင်စတာဂရမ်ပေါ်ကပုံရိပ်တွေအတိုင်း၊ လက်တွေ့မဆန်တဲ့မျှော်လင့်ချက်တွေအတိုင်း လိုက်လုပ်ရခြင်းအတွက် အမျိုးသမီးတွေဟာ အလှအပနဲ့ပတ်သက်တဲ့ဖိအားတွေကို ပိုမိုခံစားလာရပြီး ကိုယ့်ကိုယ်ကိုယ် အမြဲတမ်းပိုလှလာအောင် လုပ်နေကြရပါတယ်။ ဒီလိုယဉ်ကျေးမှုဖြစ်လာတဲ့အခါ လူမျိုးကွဲပြားမှုတွေ၊ ကိုယ်ကျင့်တရားတွေထက် လှဖို့ကို ပိုပြီးဦးစားပေးတာမျိုးက ပုံမှန်ဖြစ်လာပါ တော့တယ်။ အစားအသောက်နယ်ပယ်နဲ့ စားသောက်ပုံနည်းစနစ်မကျတာတွေကလဲ ခန္ဓာကိုယ်ပုံစံ မကျတဲ့ပြဿနာတွေကို ဖြစ်လာနေစေပြန်ပါသေးတယ်။ ထပ်ရှိသေးတာက ငယ်ရွယ်စဉ်ကတည်းက အသက်ကြီးမှာ၊ ရုပ်ရင့်မှာတွေကို အထူးသဖြင့် မိန်းကလေးတွေက စိုးရိမ်ပူပန်နေတတ်ကြပါတယ်။ ဒီလိုပူပန်မှုတွေက စိတ်ဖိအားကို အတော်လေးများစေသလို ကုန်ကျစရိတ်တွေလဲများရပြန်ပါတယ်။ ဒါပေမဲ့လဲ အနာဂတ်မှာ မတူကွဲပြားခြားနားခြင်းတွေကို ဝေဖန်တာမျိုးမရှိဘဲ အမျိုးသမီးတွေရဲ့ရုပ် အသွင်အပြင်ကိုပဲ မကြည့်ကြတော့မယ့် အနာဂတ်ဖြစ်လာဖို့ဆိုတဲ့မျှော်လင့်ချက်ကတော့ ရှိနေပါသေး တယ်။ ဒီပန်းတိုင်ကိုသွားမယ်ဆိုရင် သေချာဆောင်ရွက်မှု၊ မီဒီယာကိုကိုင်တွယ်တတ်မှုနဲ့ ကိုယ့်ကိုယ် ကိုယ်နဲ့ အခြားသူတွေအပေါ် ဘယ်လိုပြုမူဆက်ဆံမယ်ဆိုတာကို ပြောင်းလဲရမှာပဲဖြစ်ပါတယ်။
No New Notifications