ဖေ့ဘုတ် (Facebook) နဲ့ တွစ်တာ (Twitter)တို့လို ဆိုရှယ်မီဒီယာပလက်ဖောင်းတွေဟာ အသုံးပြုသူ တွေကို လောင်းကစား စွဲသလို စွဲလမ်းလာအောင် ဒီဇိုင်းဆွဲထားတာ ဖြစ်ပါတယ်။ ဆိုရှယ်မီဒီယာဟာ သတင်း အချက်အလက်အမှားတွေကို ပျံ့နှံ့စေတဲ့အပြင်၊ နိုင်ငံရေးအယူ အဆတွေကိုလဲ နှစ်ခြမ်းကွဲသွားစေပြီး လူစု လူဝေး ဆန္ဒပြမှုတွေကို ဖြစ်ပေါ်စေပါတယ်။ ဆိုရှယ်မီဒီယာကုမ္ပဏီတွေဟာ နောက်ဆက်တွဲ အကျိုးဆက် တွေကို သိပေမဲ့၊ သူတို့ရဲ့အမြတ်ငွေကိုသာ အလေးထားတာကြောင့် ပြောင်းလဲမှုတွေ မလုပ်ပေးကြပါဘူး။ ကျွန်မတို့အနေနဲ့ ထိခိုက်မှုနဲ့ သတင်းအချက်အလက်မှားယွင်းမှုကို လျှော့ချနိုင်ဖို့ဆိုရင် ဆိုရှယ်မိဒီယာကို ရှောင်ကြဉ်သင့်ကြောင်း ကျွမ်းကျင်ပညာရှင်အချို့က အကြံပြုကြပါတယ်။ ဒီစိတ်ကူးကို လက်တွေ့လုပ်ဆောင်ဖို့ ခဲယဉ်းတယ် ဆိုပေမဲ့၊ ဒါဟာ ကျွန်မတို့အတွက် ပိုမိုဘေးကင်းပြီး ငြိမ်းချမ်းတဲ့လောကတစ်ခု ဖြစ်လာစေမဲ့အရာ ဖြစ်ပါတယ်။
No New Notifications