The Power of Instinct

Leslie Zane
  •  16 min
  •  Audio Available

လူသားတွေရဲ့ဗီဇစိတ်အခံတွေဟာ ပြောဆိုဆက်ဆံရေးအပေါ် သက်ရောက်မှုရှိပုံနဲ့ လွှမ်းမိုးမှုရှိပုံ တို့ကို ဒီ စာအုပ်မှာ ဖတ်ရှုရမှာ ဖြစ်ပါတယ်။ ဒီလိုမျိုး စွဲမြဲနေတဲ့ ပင်ကိုစေ့ဆော်မှုတွေကို အသိအမှတ်ပြုခြင်း၊ နားလည် အောင်လုပ်ခြင်းတို့ဖြင့် ၊ ဒီကနေ့ခေတ် ဈေးကွက်ထဲကနေ သင် အလိုရှိတဲ့ အချက်အလက်တွေကို ရယူနိုင်ပါ လိမ့်မယ်။

ပင်ကိုစေ့ဆော်မှုတွေဟာ ကျွန်မတို့ရဲ့ ဆုံးဖြတ်ချက်တွေအ‌ပေါ် အစိုးရလေ့ရှိပြီး ၊ အတွေးထဲ အထိတောင် ဝင်ရောက်စိုးမိုးတတ်တာပါ။ သင်ဟာ ဒီသဘာဝဖြစ်စဉ်တွေကို သေချာသတိထားမိမယ်ဆိုရင် အလုပ်ကို ပိုပြီး တက်တက်ကြွကြွ လုပ်လာနိုင်အောင်၊ လူအများနဲ့ ပိုထိထိမိမိ ချိတ်ဆက်နိုင်အောင်နဲ့ အောင်မြင်မှုဆီ တက်လှမ်း နိုင်အောင် လူတွေကို ဘယ်လိုလှုံ့ဆော်ရမယ်မှန်း သိလာပါ လိမ့်မယ်။

ဘရန်းတစ်ခုဟာ ပိုနာမည်ကြီးလေ ဦးစားပေး အရွေးခံရလေ ဖြစ်ပါတယ်။ ဒီတော့၊ လုပ်ငန်းတစ်ခု လုပ်တော့မယ်ဆိုရင် လူတွေရဲ့ ပင်ကိုစေ့ဆော်မှုတွေအကြောင်း သိထားဖို့က အင်မတန် အရေးကြီးတာပါ။ သင့် ဘရန်းနဲ့ပတ်သက်ပြီး အပြုသဘောဆောင်တဲ့တန်ဖိုးတွေ တည်ဆောက်ရပါမယ်၊ ဘရန်းကို ပျက်စီးစေမယ့် အပျက်သဘောဆောင်တာတွေကို တတ်နိုင်သလောက် ဖယ်ရှားပစ်ရပါမယ်။

သင်ဟာ ဒီသဘောတရားတွေကို နားလည်မယ်ဆိုရင် သင့်ဘရန်းရဲ့ ထိရောက်မှုကိုတင် ပိုကောင်းစေမှာ မဟုတ်ဘဲ၊ ဝယ်သူတွေနဲ့လဲ ပို‌မိုကောင်းမွန်တဲ့ထိတွေ့မှု ရစေမှာပါ။ ဒီသဘောတရားတွေကို သင့်ရဲ့ လုပ်ငန်းခွင် မှာသာမက၊ သင့်ရဲ့ တစ်နေ့တာ နေထိုင်မှုဘဝမှာပါ အသုံးချလို့ ရနိုင်မှာပဲ ဖြစ်ပါ တယ်။


    •        လုပ်ငန်းရှင်များ၊
    •        ဈေးကွက်ထဲ ထုတ်ကုန်သစ်နဲ့ ဝင်တိုးဖို့ ပြင်ဆင်နေသူများ၊
    •        မားကတ်တင်းသမားများ။



    •        လုပ်ငန်းတွေဟာ လူတွေရဲ့ မသိစိတ်ကို ပစ်မှတ်ထားခြင်းအကြောင်း၊
    •        ခေတ်သစ်နဲ့ ခေတ်ဟောင်းရဲ့ အရောင်းဆိုင်ရာ ဆွဲဆောင်မှုနည်းလမ်းတွေ ကွာခြားသွားပုံ အကြောင်း၊
    •        အပျက်သဘောဆောင်တဲ့အရာတွေကို ရှင်းထုတ်ဖို့လိုတယ်ဆိုတဲ့အကြောင်း။