How to Stop Breaking Your Own Heart

Meggan Roxanne
  •  18 min
  •  Audio Available

တစ်ခါတလေ သင့်ဘဝကို သင့်စိတ်နဲ့သင့်ကိုယ် မရှင်သန်ရဘူးလို့ ခံစားနေရပါသလား။ ဆိုလို တာကတော့ သင်ဟာ သင့်ဘဝနဲ့ပတ်သက်တဲ့ စည်းဘောင်တွေကို သတ်မှတ်ဖို့ ခက်ခဲနေတာမျိုး၊ သင့်ရဲ့ ခံစားချက်တွေအတိုင်း လိုက်လုပ်ဖို့ ခက်ခဲနေတာမျိုး ဒါမှမဟုတ် သင့်ကိုယ်ပိုင်အချိန်နဲ့ ကိုယ်ပိုင်စွမ်းအင် တွေကို အသုံးပြုဖို့ ခက်ခဲနေတာမျိုး ၊ ဒီလိုအခြေအနေတွေကို ကြုံနေရပါသလား။ တကယ်တော့ သင် အပါအဝင် ကျွန်မတို့အားလုံးက ပြောင်းလဲတိုးတက်မှုမရှိတဲ့ အလေ့အကျင့်တွေထဲမှာပဲ နစ်မြုပ်နေကြ တာပါ။ ဒါဟာ ကလေးဘဝက အတွေ့အကြုံတွေနဲ့ အကြောက်တရားတွေကြောင့် ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့၊ ဒီလိုမျိုး အတွေးဟောင်းတွေထဲက ရုန်းထွက်ပြီး သင့်ရဲ့ဖြစ်တည်မှုအစစ်အမှန်ကို ဖော်ထုတ် ကြည့်မယ်ဆိုရင်ရော ဘယ်လိုဖြစ်လာနိုင်သလဲ။

သင့်ကို ပြောင်းလဲတိုးတက်တဲ့လူတစ်ယောက်ဖြစ်အောင် ကူညီပေးနိုင်တဲ့ နည်းလမ်းကောင်းတွေ ဒီစာအုပ်ထဲမှာ ရှိပါတယ်။ ဒီစာအုပ်ထဲမှာပါတဲ့ နည်းလမ်းကောင်းတွေကို လက်တွေ့ အသုံးချကြည့်မယ် ဆိုရင် လူတွေနဲ့ ပေါင်းသင်းဆက်ဆံရေး ပိုကောင်းလာပါလိမ့်မယ်။ ပြီးတော့၊ သင့်ဘဝအတွက် တကယ် အရေးပါတဲ့အရာတွေကို ရွေးချယ်နိုင်ကာ၊ ပိုပြီးစစ်မှန်ပြည့်ဝတဲ့ ဘဝတစ်ခု တည်ဆောက်နိုင်ပါလိမ့်မယ်။


    •        ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အားနည်းသူတွေ။
    •        ကိုယ့်ဘဝကို တိုးတက်ပြောင်းလဲလိုသူတွေ။
    •        တစ်ခုခုဆို အဆိုးမြင်စိတ်နဲ့ ကြည့်တတ်သူတွေ။


    •        ကလေးဘဝအတွေ့အကြုံက ကျွန်မတို့ရဲ့ လူကြီးဘဝ ဆက်ဆံရေးကို ဘယ်လို ပုံဖော်ပေး ကြောင်း။
    •        သင့်ရဲ့ အကြောက်တရားတွေနဲ့ ဘာကြောင့် ထိပ်တိုက်ရင်ဆိုင်သင့်ကြောင်း။
    •        သင့်တင့်ကောင်းမွန်တဲ့စည်းဘောင်တွေ ဘာကြောင့် ချမှတ်သင့်ကြောင်း။