Active Listening Techniques

Nixaly Leonardo
  •  21 min
  •  Audio Available

ကျွန်မတို့ဟာ လူရယ်လိုဖြစ်လာပြီဆိုရင် လူ့အဖွဲ့အစည်းနဲ့ ကင်းကွာလို့ မရပါဘူး။ နေ့စဉ် တစ်ယောက် မဟုတ်တစ်ယောက်နဲ့ ပြောဆိုဆက်ဆံကြရပါတယ်။ ထိရောက်တဲ့ စကားပြောဆိုမှုဟာ တစ်ဖက်လူ ပြောတာကို ကြားရုံ၊ ပြန်ပြောရုံနဲ့ မလုံလောက်ပါ။ သူ ဘာပြောနေသလဲ၊ ဘာကိုပြောချင်နေသလဲဆိုတာ နားလည်အောင် ကြိုးစားဖို့လဲ လိုပါသေးတယ်။ ဒါပေမဲ့၊ တစ်ယောက်နဲ့တစ်ယောက် သဘောထားအမြင်တွေ မတူတဲ့အခါ စိတ်ခံစား ချက်တွေ  ပါလာပြီး အမြင်စောင်းတာတွေ ဖြစ်လာနိုင်ပါတယ်။

ဒါကြောင့်၊ သင့်အနေနဲ့ ပေါင်းသင်းဆက်ဆံရေး ပိုကောင်းချင်ရင်၊ ဆတ်ဆတ်ထိမခံတတ်တဲ့ အကျင့်တွေ ပြုပြင်ချင်ရင် ဒါမှမဟုတ် နေ့စဉ်ပြောဆိုဆက်မှုစွမ်းရည် တိုးတက်ချင်ရင် ဒီစာအုပ်ကို မဖြစ်မနေ ဖတ်သင့်ပါတယ်။ ဒီစာအုပ်ထဲမှာ လက်တွေ့အသုံးချနိုင်တဲ့ နည်းလမ်းကောင်းတွေ ပါဝင်ပါတယ်။ အကယ်၍ သင့်ရဲ့တုံ့ပြန်မှုပုံစံကို နားလည်ထားမယ်၊ သင့်ရဲ့အသံအနေအထားနဲ့ ခန္ဓာကိုယ်အနေအထားကို သိထားမယ်၊ ဘယ်လိုအခြေအနေမှာ ဘယ်လိုမေးခွန်းမျိုး မေးရမယ်ဆိုတာကိုလဲ သိထားမယ်ဆိုရင် သင်ဟာ စာနာနားလည်စိတ် ပြည့်ဝတဲ့ ဆက်ဆံရေး တစ်ခု ပိုင်ဆိုင်လာပါလိမ့်မယ်။


    •        ပေါင်းသင်းဆက်ဆံရေး ကောင်းလိုသူတွေ။
    •        စကားလုံးနည်းနည်းနဲ့ ထိထိရောက်ရောက်ပြောလိုသူတွေ။
    •        လူအများနဲ့ ထိတွေ့ဆက်ဆံနေရသူတွေ။



    •        ထိရောက်တဲ့ပြောဆိုဆက်ဆံမှုဆိုတာ ဘယ်လိုစကားပြောဆိုမှု ဖြစ်ကြောင်း။
    •        နှုတ်ဆိတ်နေခြင်းက ဘာကြောင့် အထိရောက်ဆုံးလက်နက်တစ်ခုဖြစ်ကြောင်း။
    •        သင့်ရဲ့စကားပြောစွမ်းရည်ကို ဘယ်လိုနည်းလမ်းတွေနဲ့ မြှင့်တင်နိုင်ကြောင်း။