The Art of Encouragement

Jordan Montgomery
  •  17 min
  •  Audio Available

ကျွန်မတို့ဟာ ကိုယ်ရေးကိုယ်တာအရပဲဖြစ်ဖြစ်၊ လုပ်ငန်းသဘောအရပဲဖြစ်ဖြစ် အမျိုးမျိုး သောလူတွေနဲ့ ပြောဆိုဆက်ဆံကြရပါတယ်။ ဒီလူတွေရဲ့နောက်ခံသမိုင်းကြောင်းတွေကလည်း မတူ ညီကြသလို ယုံကြည်မှုတွေဟာလည်းမတူညီကြပါဘူး။ လူတွေဟာ မတူကွဲပြားတဲ့သဘောထားခံယူ ချက်တွေနဲ့ ဘဝကိုဖြတ်သန်းနေကြတဲ့သူတွေချည်း ဖြစ်ပါတယ်။

အချို့က ရိုးသားပွင့်လင်းတယ်။ ပျူငှာတယ်။ အချို့က သီးသန့်နေတတ်တယ်။ အချို့လူတွေရဲ့ အမူအကျင့်က လေးစားစရာကောင်းသလောက် အချို့လူတွေရဲ့အပြုအမူက စက်ဆုပ်ဖွယ်ရာဖြစ်နေ တတ်ပါတယ်။ လူတွေဟာ တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုပဲကွဲပြားနေပါစေ၊ တူညီတဲ့သဘော တရားတစ်ခုတော့ ရှိနေပါတယ်။ အဲ့ဒါကတော့ လူတိုင်းဟာ အားပေးနှစ်သိမ့်မှုကို လိုအပ်တယ်ဆိုတာ ပါပဲ။ အားပေးနှစ်သိမ့်မှုဆိုတာ လူတိုင်းနားလည်ထားပြီးသားအသုံးအနှုန်းတစ်ခု ဖြစ်ပါတယ်။ တစ်နည်းပြောရရင် ကျွန်မတို့ရှူရှိုက်နေတဲ့အောက်ဆီဂျင်လိုပါပဲ။ အခြားသူတွေကို သူတို့အစွမ်းရှိသ လောက် လျှောက်လှမ်းနိုင်အောင် အများကြီးကူညီပေးနိုင်တယ်။ ဒါပေမဲ့ ရိုးသားမှုရှိရပါမယ်။

သင့်အနေနဲ့ သင့်ဘေးနားကလူတွေကို ဘယ်နှစ်ခါလောက်အားပေးနှစ်သိမ့်ဖူးပါသလဲ။ အဲဒီလို အားပေးတဲ့အခါမှာရော တကယ်ထိထိရောက်ရောက်လုပ်ခဲ့ရဲ့လား။ ကျွန်မတို့အားလုံး ဒီအပိုင်းမှာ တော်တော်လေးအားနည်းကြပါတယ်။ သင့်က ပင်ကိုယ်စိတ်အားထက်သန်သူ ဒါမှမဟုတ် တိုးတက် ချင်စိတ်ရှိတဲ့သူလား။ ဒါဆိုရင် အခြားသူတွေကို သင်လိုမျိုးဖြစ်အောင် ဘယ်လိုတိုက်တွန်းမလဲ၊ သူတို့ ရဲ့အစွမ်းအစတွေကို ဘယ်လိုဖော်ထုတ်ပေးနိုင်မလဲဆိုတာတွေကို ဒီစာအုပ်ထဲမှာ လေ့လာဖတ်ရှုနိုင် ပါတယ်။


    •        လူတွေကို အားပေးနှစ်သိမ့်ပေးချင်ပေမဲ့ ဘယ်လိုအားပေးနှစ်သိမ့်ရမှန်းမသိသူတွေ
    •        ပိုကောင်းတဲ့လူမှုဆက်ဆံရေးတစ်ခုကို ပိုင်ဆိုင်လိုသူတွေ
    •        သူတစ်ပါးကို အားပေးနှစ်သိမ့်ရတာ ဝါသနာပါသူတွေ



    •        စွမ်းဆောင်ရည်ထက် အမူအကျင့်ကို ဘာကြောင့်ချီးကျူးသင့်ကြောင်း
    •        သူတို့ကိုယ်သူတို့မမြင်နိုင်တဲ့အရည်အချင်းတွေကို ဘယ်လိုနည်းလမ်းတွေနဲ့ ဖော်ထုတ်ပေး နိုင်ကြောင်း
    •        သင့်ကိုယ်သင်အားပေးနှစ်သိမ့်ခြင်းက ဘယ်လိုရလဒ်ကောင်းတွေ ဖြစ်ထွန်းစေကြောင်း