Forgiving What You Can’t Forget

Lysa Terkeurst
  •  25 min
  •  Audio Available

စာရေးသူလီဆာတားခက် (Lysa Terkeurst) က သူမရဲ့နာကျင်ခံစားမှုတွေဟာ ဘယ်တော့မှ အဆုံးမသတ်တော့ဘူးလို့ ထင်နေခဲ့ပါတယ်။ သူမရဲ့အမျိုးသားဟာ သူမရဲ့နောက်ကွယ်မှာဖောက်ပြန် နေတာကို သိလိုက်ရတဲ့နောက်ပိုင်း သူမအတွက်ရှိရှိသမျှသောပျော်ရွှင်မှုအလုံးစုံဟာ ပျောက်ဆုံးခဲ့ရပါ တယ်။ သူမတို့နှစ်ယောက်ကြားမှာရှိခဲ့တဲ့အမှတ်တရတွေကလည်း အဆုံးသတ်သွားခဲ့ပါတယ်။ သူမ ဟာ အရာအားလုံးကိုမေ့ပစ်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒီလိုလုပ်ဖို့အပြင် သူမမှာ အခြားနည်းလမ်းလည်း မရှိခဲ့ပါဘူး။ ဒါပေမယ့် သူမဟာ သူမရဲ့အမျိုးသားနဲ့ပတ်သက်တဲ့အမှတ်တရတွေကိုမေ့ပစ်ဖို့ ဘယ် လောက်ပဲ ကြိုးစားကြိုးစား သူမရဲ့ခံစားနာကျင်ရမှုတွေက ပျောက်ကွယ်မသွားတဲ့အပြင် ပိုလို့တောင် ဆိုးလာခဲ့ပါတယ်။ နာကျင်မှုတွေကိုလွှတ်မချနိုင်တာကြောင့် ဒီလိုမျိုးဖြစ်နေရတယ်ဆိုတာကို သူမဟာ တဖြည်းဖြည်းနားလည်လာခဲ့ပါတယ်။ ဒါကြောင့် ခွင့်လွှတ်ခြင်းဆိုတဲ့နည်းလမ်းကို သူမရွေးချယ်ခဲ့ပါ တယ်။ ဒီနည်းလမ်းက သူမတို့ရဲ့အိမ်ထောင်ရေးကို ပြန်လည်သင့်မြတ်စေပြီး သူမတို့ရဲ့နာကျင်ဒဏ် ရာတွေကို အကောင်းဆုံးကုစားပေးနိုင်ခဲ့ပါတယ်။


  • ·     နာကျင်စရာတွေကြားက ရုန်းထွက်ဖို့ခက်ခဲနေသူတွေ

    ·     ကိုယ့်အရည်အချင်းကို တိုးတက်လိုသူတွေ

    ·     စစ်မှန်တဲ့စိတ်အေးချမ်းမှုကို ရှာဖွေနေသူတွေ


  • ·     နာကျင်စရာစိတ်ခံစားမှုကို ခွင့်လွှတ်ခြင်းနဲ့ဘယ်လိုအနိုင်ယူနိုင်ကြောင်း

    ·     အတိတ်ကိုလက်ခံခြင်းက လက်ရှိအနာဂတ်ကို ဘယ်လိုအကောင်းဆုံးကုစားပေးနိုင်ကြောင်း

    ·     ကလေးဘဝအတွေ့အကြုံက ကျွန်မတို့ရဲ့ယုံကြည်မှုကို ဘယ်လိုပုံဖော်ပေးနိုင်ကြောင်း