Bad Therapy

Abigail Shrier
  •  20 min
  •  Audio Available

သင့်စိတ်ထဲကနေ ဒီကနေ့ခေတ် ဆယ်ကျော်သက်တစ်ယောက်ကို မြင်ယောင်ကြည့်လိုက်ပါ။ သူ့မှာ ကျောင်းစာတွေရဲ့ ဖိအားရှိသလို၊ ပေါင်းသင်းဆက်ဆံရေး ဖိအားလဲ ရှိနေပါတယ်။ ဒါ့အပြင်၊ အလျင်အမြန် ပြောင်းလဲ နေတဲ့ ကမ္ဘာကြီးထဲမှာ သူ့အနာဂတ်ဘဝကလဲ ရေရာမှု မရှိပါ။ ဒါကလဲ သူ့စိတ်ကို ဖိစီးစေတဲ့အရာပါပဲ။

ခုတစ်ခါ၊ သားသမီးကို အကောင်းဆုံး ပျိုးထောင်ပေးချင်တဲ့ မိဘတစ်ယောက် သို့မဟုတ် ကုထုံးပညာရှင် တစ်ယောက် (therapist) ကို သင့်စိတ်ထဲမှာ မြင်ယောင်ကြည့်ပါ။ သူက ကလေးကို ကူညီဖို့ စိတ်အားထက်သန် တယ်။ ဒါပေမဲ့၊ သူ့ရဲ့ကူညီမှုတွေက ကလေးကို ကူညီရာ မရောက်ဘဲ၊ ကလေးရဲ့အခြေအနေကို ပိုဆိုးအောင် တွန်းအားပေးသလို ဖြစ်နေမယ်။ ကလေးကို စိတ်ခွန်အား ဖြစ်အောင်ဆိုပြီး ကူညီလိုက်တဲ့အရာတွေက သူ မျှော်လင့် ထားတာနဲ့ ပြောင်းပြန်ရလဒ်တွေပဲ ထွက်ပေါ်လာတယ် ဆိုပါတော့။

ဒါကို စာရေးသူက ဆေးဝါးကုသမှုတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အိုက်ရာထရိုဂျဲနစ် (iatrogenesis) ဆိုတဲ့ ဖြစ်စဉ်နဲ့ နှိုင်းယှဉ်ပြောထားပါတယ်။ ဆိုလိုတာက တစ်ခါတလေမှာ တစ်ချို့ကုသမှုတွေဟာ မရည်ရွယ်ဘဲ လူကို အန္တရာယ်ဖြစ်သွားတတ်တာမျိူးပါ။

ဒါကြောင့်၊ သင့်ကလေးကို ပြုစုပျိုးထောင်ရာမှာ သင် အသုံးပြုနေတဲ့နည်းလမ်းက ကလေးအတွက် တကယ်အထောက်အကူ ပြုရဲ့လား၊ ဒါမှ မဟုတ် သူ့အခြေအနေကို ပိုဆိုးအောင် လုပ်နေသလား ဆိုတာ သေချာ အကဲဖြတ်ဖို့ လိုပါတယ်။


  • ·     ကလေးရှိတဲ့ မိဘတွေနဲ့ မိဘဖြစ်လာတော့မဲ့ သူတွေ။

    ·     ကလေးနဲ့ လက်ပွန်းတတီးနေထိုင်ရသူတွေ။

    ·     မိဘအုပ်ထိန်းမှု (Parenting) အတတ်ပညာကို လေ့လာလိုက်စားနေသူတွေ။


  • ·     သားသမီးကို ပြုစုပျိုးထောင်ရာတွင် နည်းမှန်လမ်းမှန်ဖြစ်ဖို့က ဘာကြောင့် အရေးကြီးကြောင်း၊

    ·     ကလေးဟာ အတိမ်းအစောင်းမခံတဲ့ ဝန်းကျင်တစ်ခုမှာ ဘာကြောင့် မကြီးပြင်းသင့်ကြောင်း၊

    ·     လူ့လောကအလယ်မှာ အကောင်းဆုံးကျင်လည်နိုင်ဖို့ ဘယ်လိုအရည်အချင်းတွေ လိုအပ်ကြောင်း။