True to You

Kathleen Smith
  •  17 min
  •  Audio Available

သင်ဟာ စစ်မှန်တဲ့စိတ်ချမ်းသာမှုကို ရရှိပိုင်ဆိုင်ထားတဲ့ဘဝတစ်ခုမှာ လျှောက်လှမ်းချင်ပါသ လား။ ဒီလိုဘဝမျိုးမှာလျှောက်လှမ်းနိုင်ဖို့ သင်သိသင့်တဲ့လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ချင်ပါသလား။ ဒါဆိုရင်တော့ ဒီစာအုပ်ဟာ သင့်အတွက် လက်မလွှတ်သင့်တဲ့စာအုပ်တစ်အုပ်ဖြစ်ပါတယ်။ ဒီစာအုပ် မှာ ကိုယ့်ကိုယ်ကိုပိုင်းခြားသိမြင်ခြင်းက သင့်ရဲ့ပေါင်းသင်းဆက်ဆံရေးကိုလည်းမပျက်စေဘဲ သင့် ကိုယ်ပိုင်ဖြစ်တည်မှုလက္ခဏာရပ်တွေကို ဘယ်လိုထိန်းသိမ်းနိုင်ကြောင်းနဲ့ပတ်သက်ပြီး ဖော်ပြထားပါ တယ်။ လူတစ်ယောက်နဲ့ တစ်ယောက်ပေါင်းသင်းဆက်ဆံရာမှာ စည်းဘောင်တစ်ခုထားပြီးဆက်ဆံ ခြင်းက ဘယ်လောက်ထိအရေးပါကြောင်း၊ ရင့်ကျက်တဲ့မှီခိုခြင်းနဲ့အတူ သူတစ်ပါးရဲ့ထောက်ခံအား ပေးမှုကို အလွန်အမင်းမစွဲလမ်းသင့်ကြောင်း၊ ကိုယ့်ပတ်ဝန်းကျင်ကသူတွေရဲ့ထောက်ခံအားပေးမှု တွေကို ကိုယ့်အသိဉာဏ်ပညာနဲ့ယှဉ်ကာ အရာရာကိုချိန်ထိုးစဉ်းစားသင့်ကြောင်းတွေကိုလည်း အသေးစိတ်ဖော်ပြထားပါတယ်။ ကိုယ့်စိတ်နဲ့ကိုယ့်ကိုယ်ရှင်သန်နိုင်ဖို့ သင့်ကိုယ်သင်စာနာကြင်နာ ဖို့လိုအပ်ကြောင်းကိုလည်း ဖော်ပြထားပါတယ်။ ဒီအကြောင်းအရာတွေက ကိုယ်ရည်ကိုယ်သွေးတိုး တက်အောင်ကြိုးစားရာမှာ သင့်ကိုအကောင်းဆုံးစွမ်းအားတွေပေးနိုင်ပါလိမ့်မယ်။


    •        ကိုယ့်ကိုယ်ကိုယ် တိုးတက်ဖို့အတွက်ကြိုးစားနေသူတွေ


    •        လူ့အဖွဲ့အစည်းရဲ့များပြားလှတဲ့ထင်မြင်ယူဆချက်တွေကြားမှာ ကိုယ့်ခံယူချက်နဲ့ကိုယ် ဘယ် လိုရပ်တည်မလဲဆိုတဲ့နည်းလမ်းကောင်းတွေ
    •        ပေါင်းသင်းဆက်ဆံရေးတိုင်းမှာ သိသာထင်ရှားတဲ့စည်းတစ်ခုဘာကြောင့်ရှိသင့်ကြောင်း
    •        အသက်ရှင်ရတဲ့အခိုက်အတန့်မှာ ကိုယ့်စိတ်နဲ့ကိုယ့်ကိုယ်ဘာကြောင့်ရှင်သန်သင့်ကြောင်း