Hold on to Your Kids

Gordon Neufeld and Gabor Mate
  •  18 min
  •  Audio Available

ကလေးတွေဟာ မျက်စောင်းထိုးတာကစလို့ ဒေါသတကြီးပေါက်ကွဲတဲ့အထိ နည်းအမျိုးမျိုးနဲ့ မိဘတွေကို အခက်တွေ့အောင်လုပ်တတ်ကြပါတယ်။ တစ်ခါတလေ မိဘတွေက ကလေးတွေ ရဲ့လုပ်ရပ်လေးတွေကို ရယ်စရာလို့သဘောထားပေမဲ့ အချို့လုပ်ရပ်တွေမှာတော့ တော်တော်လေး ပြင်းထန်လာတာမျိုးလည်းရှိပါတယ်။ ကမ္ဘာပေါ်မှာရှိတဲ့မိဘတိုင်း ဒီလိုတူညီတဲ့ဒုက္ခကို ကြုံတွေ့နေရ ပါတယ်။

ပြီးတော့ သင်နဲ့သင့်ကလေးကြား ဝေးကွာနေသလိုခံစားနေရပြီး သင်တို့ရဲ့ဆက်ဆံရေးအခြေ အနေက ပိုပြီးစိတ်ပျက်ဖွယ်ဖြစ်နေတယ်လို့ သင်ခံစားနေရပါသလား။ သင့်ကလေးဟာ လူကို အန္တရာယ်ဖြစ်စေမဲ့အရာတွေနဲ့ ဆော့ကစားနေတာမျိုးကိုရော သင်ကြုံဖူးပါသလား။ ဒါဆိုရင် ဒီစာအုပ် က သင့်ကလေးကို လမ်းကြောင်းမှန်ပေါ်ပြန်ရောက်အောင် ကူညီပေးမဲ့လမ်းညွှန်ချက်တွေကိုပေးနိုင် ပါတယ်။ သင့်ကလေး သင့်ရင်ခွင်ထဲ ပြန်လာဖို့လုပ်နိုင်တာတစ်ခုမှမရှိပါဘူး။ ဒါပေမဲ့ သင့်ကလေး မှန်ကန်စွာကြီးပြင်းလာဖို့ လိုအပ်တဲ့အရာတွေကို ပေးနိုင်တဲ့သူဖြစ်အောင် သင်ကိုယ်တိုင်လေ့ကျင့်လို့ တော့ရပါတယ်။


    •        ကလေးမိဘတွေ
    •        ကလေးသူငယ်အုပ်ထိန်းမှုအကြောင်း စိတ်ဝင်စားသူများနဲ့
    •        ကလေးသူငယ်အုပ်ထိန်းမှုဆိုင်ရာနည်းပြများ


    •        ကလေးတစ်ယောက်အတွက် ဦးဆောင်လမ်းပြသူက လူကြီးတစ်ယောက်သာ ဘာကြောင့် ဖြစ်သင့်ကြောင်း
    •        မိဘနဲ့ကလေးကြားမှာ မှန်ကန်တဲ့တွယ်တာမှုပုံစံ ဘာကြောင့်ရှိသင့်ကြောင်း
    •        အပင်နဲ့ကလေးဟာ ဘာကြောင့်အလားသဏ္ဌာန်တူကြောင်း