The Genius of Empathy

Judith Orloff
  •  18 min
  •  Audio Available

ဒီစာအုပ်ရဲ့အဓိကသတင်းစကားကတော့ မျှဝေခံစားစာနာတတ်တဲ့စွမ်းရည်ဟာ နာကျင်မှုကို လျော့ပါးစေနိုင်၊ ပဋိပက္ခတွေကိုဖြေရှင်းပေးနိုင်ပြီး ဘဝရဲ့နယ်ပယ်တိုင်းမှာ နားလည်မှုကို ပိုမိုနက်နဲ လာစေနိုင်တဲ့စွမ်းအားရှိကြောင်းကို သိရှိနားလည်စေဖို့ပဲဖြစ်ပါတယ်။ သင်ဟာ သင့်ကိုယ်သင်နဲ့ အများ ကိုစာနာခြင်း၊ လူမှုဆက်ဆံရေးတွေမှာ မျှဝေခံစားပေးခြင်းတို့နဲ့ လောကကိုပိုမိုကောင်းမွန်ပြီး မေတ္တာ တရားနဲ့အညီနေထိုင်နိုင်တဲ့နေရာဖြစ်လာအောင် ပြောင်းလဲနိုင်ပါတယ်။ သင့်ဘဝရဲ့ခက်ခဲချိန်၊ ပျော် ရွှင်ချိန်တွေကိုဖြတ်သန်းရာမှာ ဒီအထူးစွမ်းအားကိုသတိရပါ။ သင်က ဘယ်လိုမျှဝေခံစားတတ်တဲ့ ပုံစံကိုကျင့်သုံးသူဖြစ်ပါစေ၊ မျှဝေခံစားတတ်ခြင်းက တစ်ကိုယ်ရေတိုးတက်မှုကိုရစေမဲ့အပြင် သင့်အ နားကလူတွေနဲ့လည်း စိတ်ချမ်းသာစရာဆက်နွယ်မှုတွေကို ရရှိစေမှာဖြစ်ပါတယ်။


    •        စိတ်ခံစားချက်စွမ်းရည်ကို တိုးမြှင့်လိုသူများ
    •        လူမှုဆက်ဆံရေးကောင်းလိုသူများ
    •        ရင်းနှီးတဲ့ဆက်သွယ်မှုကို တည်ဆောက်လိုသူများ


    •        မျှဝေခံစားစိတ်နဲ့ ကရုဏာစိတ်က ဘယ်လိုမတူညီသလဲဆိုတဲ့အကြောင်း
    •        မျှဝေခံစားစိတ်ရှိသူပုံစံ (၄)မျိုးအကြောင်း
    •        ခွင့်လွှတ်ခြင်းက ဘာကြောင့်အရေးကြီးလဲဆိုတဲ့အကြောင်း