Words that Work

Frank Luntz
  •  17 min
  •  Audio Available

“စကားလုံးဆိုတာ အသံသက်သက်မျှသာ ဖြစ်တယ်”လို့ ဂျာမန်စာရေးဆရာ ဂိုးသေ့ (Johann Wolfgang von Goethe) က ရေးသားခဲ့ပါတယ်။ ဒီစကားက တကယ်မှန်ကန်ပါရဲ့လား။

စကားလုံးတွေဟာ ကျွန်မတို့ ပြောချင်တဲ့အဓိပ္ပာယ်၊ ကျွန်မတို့ ပြောချင်တဲ့စိတ်ကူးတွေကို သယ်ဆောင် ပေးပါ တယ်။ ဒါကြောင့် လူတွေကို စည်းရုံးသိမ်းသွင်းနိုင်ဖို့ဆိုရင် မှန်ကန်တဲ့စကားလုံး ရွေးချယ်ရပါမယ်။ ဒီအချက်က သိပ်ကို အရေးကြီးတာပါ။ လုပ်ဖော်ကိုင်ဖက်၊ အလုပ်ရှင်သူဌေး၊ မိတ်ဆွေသူငယ်ချင်း၊ နောက်ဆုံး ကျွန်မတို့ရဲ့သားသမီးတွေနဲ့ စကားပြောတာကအစ ကိုယ်ပြောချင်တဲ့ စကားအဓိပ္ပာယ်အတိုင်း သူတို့ နားလည် အောင် ဘယ်လိုပြောမလဲ၊ ဘယ်လို စကားလုံးတွေ ရွေးချယ်ပြောမလဲ၊ စဉ်းစားရပါတယ်။ ဒီစာအုပ်က လူတွေ ကြားမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ နားလည်မှု အလွဲတွေအကြောင်း၊ သင် ပြောချင်တဲ့ အဓိပ္ပာယ်နဲ့ သူတို့ နားလည်တဲ့ အဓိပ္ပာယ် ဘာကြောင့် လွဲမှားနေကြောင်း ဖော်ပြထားပါတယ်။ ဒါကြောင့် နားထောင်သူစိတ်ထဲ စွဲမြဲသွားစေမဲ့ စကားလုံး တွေကို ရွေးချယ် သုံးနှုန်းပုံ၊ ဘာသာစကားကို ထိထိရောက်ရောက် သုံးနှုန်းပုံတို့ကို ဒီစာအုပ်ထဲမှာ လေ့လာကြည့်ကြရအောင်ပါ။


    •        စကားပြောအတတ်ပညာကို စိတ်ဝင်စားသူတွေ။
    •        လူအများနဲ့ ထိတွေ့ဆက်ဆံရသူတွေ။
    •        ကိုယ်ပြောလိုက်တဲ့စကားတိုင်း အရာရောက်လိုသူတွေ။



    •        စကားလုံးချင်းတူရင်တောင် အဓိပ္ပာယ်ကောက်ယူပုံချင်း လွဲမှားတတ်ကြောင်း။
    •        ရိုးရှင်းလွယ်ကူခြင်းက လူတွေရဲ့စိတ်အာရုံကို ဆွဲဆောင်နိုင်ကြောင်း။
    •        အခြေအနေနဲ့အချိန်အခါကိုလိုက်ပြီး စကားကို ထိထိရောက်ရောက် ပြောသင့်ကြောင်း။