The Simple Path to Wealth

JL Collins
  •  17 min
  •  Audio Available

လူတွေဟာ သူတို့ရဲ့ဘဝမှာ ငွေကြေးကိစ္စနဲ့ပတ်သက်ပြီး တော်တော်လေးစိတ်သောကရောက် ကြရပါတယ်။ ငွေကြေးနဲ့ပတ်သက်ပြီး ထည့်စဉ်းစားရမဲ့နည်းလမ်းသစ်တွေဟာ ဒုနဲ့ဒေးပေါများလှသလို စောင့်ကြည့်ရမဲ့ စတော့ဈေးကွက်တွေကလည်း များလွန်းလှပါတယ်။ ပြီးတော့ ကြွယ်ဝချမ်းသာမှုရဲ့ လျှို့ဝှက် ချက်ကို ပြောပြပေးနိုင်တဲ့ ငွေကြေးဆိုင်ရာပညာရှင်တွေကလည်း ရှိတတ်ပါသေးတယ်။ ဒါပေမဲ့ ချမ်းသာ ကြွယ်ဝမှုရဲ့တကယ့်လျှို့ဝှက်ချက်က နောက်ဆုံးပေါ်ခေတ်စားနေတဲ့အရာတွေ၊ ရှုပ်ထွေးတဲ့ အယ်ဂိုရီသမ်တွေမှာ ရှိမနေဘဲ အမြဲတမ်းတစ်ဖြောင့်တည်းသွားနေတဲ့စည်းမျဉ်းတွေမှာသာ ရှိနေတတ်ပါတယ်။ နောက်ထပ် ပိုမြင့်မားတဲ့ ပန်းတိုင်တွေရဲ့နောက်ကိုလိုက်မဲ့အစား တကယ်အရေးပါတဲ့အခြေခံ အချက်တွေကို နားလည် သဘောပေါက်ပြီး ဒါတွေကိုစွဲစွဲမြဲမြဲကျင့်သုံးနိုင်မှသာ စစ်မှန်တဲ့ငွေကြေးအောင် မြင်မှုကို ရရှိပါလိမ့်မယ်။

များပြားလှတဲ့အကြံပြုချက်တွေကြားမှာ ရိုးရှင်းပြီး သဘာဝဆန်တဲ့နည်းဗျူဟာတစ်ခုရှိပါတယ်။ ဒီနည်းလမ်းထဲမှာ ရင်းနှီးမြှုပ်နှံမှုတစ်ခုကနေ နောက်တစ်ခုကို ကူးပြောင်းတာတွေ မပါဝင်သလို ဈေးကွက် နဲ့အံဝင်ခွင်ကျဖြစ်အောင် ကြိုးစားတာတွေလည်းမပါ,ပါဘူး။ ရိုးရှင်းမှုကိုဦးစားပေးရုံသာမက တကယ့် အခြေခံကျလွန်းတဲ့ ငွေကြေးဆိုင်ရာတိုးတက်မှုနည်းလမ်းတွေသာပါတဲ့ဗျူဟာတစ်ခု ဖြစ်ပါတယ်။


    •        ဈေးကွက်သဘောတရားကို လေ့လာလိုသူတွေ
    •        ရင်းနှီးမြှုပ်နှံမှုအကြောင်းကို လေ့လာနေသူတွေ
    •        ကိုယ်ပိုင်ငွေကြေးကို စိတ်ချရအောင်စီမံလိုသူတွေ



    •        ရိုးရှင်းတဲ့ရင်းနှီးမြှုပ်နှံမှုတွေရဲ့ အားသာချက်များ
    •        ဈေးကွက်စနစ်မှာ ကြုံတွေ့နေကျအခက်အခဲများ
    •        ဈေးကွက်ပြောင်းလဲမှုကို ဘာကြောင့်ကြံ့ကြံ့ခံသင့်ကြောင်း