CMO to CRO

Mike Geller, Rolly Keenan & Brandi Starr
  •  16 min
  •  Audio Available

ဒီကနေ့ခေတ်ကြီးထဲမှာ အရောင်းတွေ တိုးလာဖို့ အဓိက အချက်က လုပ်ငန်းတွင်းရှိ ဌာနတွေကြားမှာ ဘာ အတားအဆီးအဟန့်အတားမှ မရှိနေအောင် လုပ်ထားပြီး ဌာနအချင်းချင်းပိုကောင်းကောင်း ပူးပေါင်းနိုင်စေဖို့ ခေတ်မီ နည်းပညာတွေပါ သုံးပေးဖို့ပဲ ဖြစ်ပါတယ်။ အရောင်းဝင်ငွေ တိုးလာစေမယ့် အဆင့်(၄) ဆင့်ကို ပြောပြပါမယ်။ ပထမအဆင့်က သင့်ရဲ့ အရောင်းပိုင်းအတွက် လိုအပ်တဲ့ နည်းပညာတွေ ရရှိအောင်လုပ်ပြီး ဝယ်သူတွေ့ကြုံခံစားရမှုကို အကောင်းဆုံးဖြစ်အောင်လုပ်ပါ။ ပြီးရင် နည်းပညာတွေကိုသုံးပြီး လုပ်ငန်းလည်ပတ်မှုကို သေချာစီမံပေးမယ့် အဖွဲ့ ဖွဲ့ထားပါ။ တတိယအဆင့်က ဌာနတွေအကုန်လုံးရဲ့ ပန်းတိုင်က အတူတူတစ်ခုတည်းသွားနေတာမျိုး ဖြစ်အောင် လုပ်ဆောင်ပါ။  စတုတ္ထအဆင့်အနေနဲ့ ဒါတွေအားလုံးကို ဦးဆောင်မယ့် အရောင်းပိုင်းကျွမ်းကျင် ခေါင်းဆောင် တစ်ယောက်ကို အပ်လိုက်ပါ။ ဒီလို ဝယ်သူ ဗဟိုပြုနည်းလမ်းတွေသုံးပြီး ဒစ်ဂျစ်တယ်နည်းပညာတွေနဲ့လဲ အားဖြည့်ကာ ရှေ့ဆက်မယ်ဆိုရင် ကျိန်းသေပေါက် အောင်မြင်မှုကို ရနိုင်ပါလိမ့်မယ်။ သွားရမယ့် ခရီးလမ်းကတော့ မလွယ်ပေမဲ့၊ ကံဆိုတာ ကြိုးစားသူတွေ အတွက် မဟုတ်ပါလား။


    •        လုပ်ငန်းရှင်များ၊
    •        စီးပွားရေးစိတ်ဝင်စားသူများ၊
    •        ဈေးကွက်ပညာရှင်များ။



    •        လုပ်ငန်းရဲ့ ဌာနတွေ သီးခြားဖြစ်နေတာက ဘယ်လောက်ဆိုးရွားတယ် ဆိုတဲ့အကြောင်း၊
    •        သင့်လုပ်ငန်းကို ခေတ်အလိုက် ဘယ်လိုပြောင်းလဲရမယ်ဆိုတဲ့အကြောင်း၊
    •        အဆင့် ၄ ဆင့်နဲ့ အောင်မြင်တဲ့လုပ်ငန်းကို ဘယ်လိုပုံဖော်မယ်ဆိုတဲ့အကြောင်း။