Raising Good Humans

Hunter Clarke-Fields
  •  16 min
  •  Audio Available

သင်ဟာ သင့်ကလေးကို အမြဲ အော်ဟစ်နေရပါသလား။ ကလေးတွေက သိပ်ကို အံ့ဩစရာ ကောင်းပါ တယ်။ သူတို့ကို ဘယ်လောက် သည်းခံနိုင်သလဲ ဆိုတာကို မိဘတွေအပေါ် စမ်းသပ်လေ့ရှိပါတယ်။ ကျွန်မတို့ဟာ ကလေး တွေကို အော်ဟစ်တာ မကောင်းမှန်း သိကောင်းသိနိုင်ပေမဲ့ ၊ မျိုးဆက်အဆင့်ဆင့် လက်ဆင့်ကမ်းလာတဲ့ ဒီလိုမျိုး အုပ်ထိန်းမှုပုံစံကို ချိုးဖျက်ဖို့ကတော့ ခက်ခဲနေတတ်ပါတယ်။ ဒါဆိုရင်တော့ ဒီစာအုပ်ကို မဖြစ်မနေ ဖတ်လိုက်ပါ။

လောကမှာ အော်ဟစ်ခြင်းကို ရပ်တန့်စေတဲ့ မန္တာန်ရယ်လို့တော့ မရှိပါ။ ဒီအတွက် လမ်းညွှန်မှုတွေ ရှိနေ ရင်တောင် သင်ဟာ မကြာခဏဆိုသလို ကလေးကို အော်ဟစ်မိနေမိနိုင်ပါတယ်။ ဒါပေမဲ့၊ သင်ဟာ သင့်ရဲ့ စိတ် အတွင်းဒဏ်ရာတွေကို စတင် ကုစား နိုင်သလို၊ သင့်တုံ့ပြန်မှုတွေကိုလဲ ကြားဝင်ဟန့်တားနိုင်ပါတယ်။ သင့်ကလေးနဲ့ ခိုင်မာတဲ့ဆက်ဆံရေးကို စတင် တည်ဆောက်နိုင်ပါတယ်။

ဒီစာအုပ်ထဲမှာဆိုရင် စာရေးဆရာ ဟန်တာကလာ့က ဦးနှောက်ရဲ့ တုံ့ပြန်မှု အစိတ်အပိုင်းတွေကို လျှော့ချပြီး ၊ ဦးနှောက်ရဲ့ ပြဿနာဖြေရှင်းတဲ့အပိုင်းကို ပိုမိုအားကောင်းစေမဲ့ နေ့စဉ်အလေ့အကျင့်တွေ ဖော်ပြထားပါတယ်။ သင့် ခံစားချက်တွေကို ထိန်းချုပ်ကိုင်တွယ်နိုင်မဲ့ နည်းဗျူဟာတွေ ဖော်ထုတ်ပြီး၊ သင့်မျိုးဆက်တွေကို လက်ဆင့်ကမ်း ပေးပါ။ ဒါဆိုရင် မျိုးဆက်အဆင့်ဆင့် လက်ဆင့်ကမ်းလာတဲ့ ဟော်ဟစ်ထိန်းကျောင်းတဲ့ မိဘအုပ်ထိန်းမှုကွင်းဆက် ပြတ်တောက်သွားပါလိမ့်မယ်။


    •        သားသမီးရှိတဲ့ မိဘတိုင်း
    •        တစ်ချိန်မှာ ကလေးမိဘ ဖြစ်လာမဲ့သူတွေ
    •        မိဘအုပ်ထိန်းမှုအကြောင်း စိတ်ဝင်စားသူတွေ။


    •        မျိုးဆက်အဆင့်ဆင့် လက်ဆက်ကမ်းလာတဲ့ အုပ်ထိန်းမှုပုံစံကို ဘာကြောင့် ချိုးဖျက်သင့်ကြောင်း။
    •        ကလေးတစ်ယောက် အပြုအမူကောင်းဖို့ဆိုရင် မိဘက ဘယ်လို ပြုမူနေထိုင်သင့်ကြောင်း။
    •        သားသမီးနဲ့မိဘကြားက ပဋိပက္ခ၊ သဘောထားကွဲလွဲမှုတွေကြောင့် စိတ်ညစ်နေစရာ မလိုကြောင်း။