How to Know a Person

David Brooks
  •  19 min
  •  Audio Available

ဒီနေ့ခေတ်မှာ ပေါင်းသင်းဆက်ဆံရေး၊ လူမှုအသိုင်းအဝိုင်းနဲ့ မိတ်ဆွေကောင်းများရှိခြင်းစတဲ့ အကြောင်းအရာတွေက လူအများကြားမှာ ရေပန်းစားနေတဲ့ခေါင်းစဉ်တွေဖြစ်ပါတယ်။ အထီးကျန် ခြင်းက လူကိုသေစေနိုင်ပါတယ်။ ဒါကြောင့် လူတွေနဲ့ရင်းရင်းနှီးနှီးနေဖို့၊ လူ့အသိုက်အဝန်းမှာ လူရာ ဝင်ဖို့က လူတစ်ယောက်အတွက် အရေးကြီးလှပါတယ်။

လူအချင်းချင်းကြားမှာ ခင်မင်ရင်းနှီးမှုကိုခိုင်မာစေတဲ့မေးခွန်းမျိုးကို ဘယ်လိုမေးရမယ်ဆိုတာ ကိုရော သင်သိပါသလား။ တစ်ဖက်လူရဲ့သဘောထားခံယူချက်ကို နားလည်နိုင်ဖို့ သင့်သဘောထား ခံယူချက်တွေကို ဘေးဖယ်ထားနိုင်ပါသလား။ ပြီးတော့ သင့်အနေနဲ့ စိတ်မသက်မသာဖြစ်နေရင် တောင် ဒုက္ခရောက်နေသူရဲ့ဘေးမှာ ဆက်နေပေးနိုင်ပါသလား။

နေ့စဉ်လူနေမှုဘဝမှာ ဒီအရည်အချင်းတွေက သိပ်ကိုအရေးပါတဲ့အရာတွေဖြစ်ပါတယ်။ ဒါပေ မဲ့ ဒီအတတ်ပညာတွေကို စာသင်ကျောင်းက သင်မပေးနိုင်ပါဘူး။ အထီးကျန်ခြင်းက တွေ့နေကျနာမ ကျန်းရောဂါတစ်ခုလိုဖြစ်လာပြီး ကျွန်မတို့တောင့်တနေတဲ့ရင်းနှီးဖော်ရွေမှုတွေနဲ့ ကင်းဝေးလာ ကြောင်းကို တွေ့ရှိရပါတယ်။

အခြားသူရဲ့စိတ်ခံစားချက်ကို မြင်အောင်ကြည့်နိုင်တဲ့စွမ်းရည်ကို ကျွန်မတို့အားလုံး မွေးမြူနိုင် ပါတယ်။ ဒီစာအုပ်ကနေတဆင့် လူတွေကိုစာနာနားလည်နိုင်ဖို့နဲ့ သင်ချစ်ရသူတွေကို အရင်ကထက် ပိုဂရုစိုက်နိုင်ဖို့အတွက် လေ့လာသင်ယူနိုင်ပါတယ်။


    •        တစ်ပါးသူကို စာနာနားလည်အောင်ကြိုးစားနေသူတွေ
    •        စိတ်နှလုံးအေးချမ်းလိုသူတွေ
    •        ပေါင်းသင်းဆက်ဆံရေးကျွမ်းကျင်လိုသူတွေ


    •        လျစ်လျူရှုခြင်းက ကမ္ဘာပေါ်မှာ အဆိုးဆုံးပြစ်ဒဏ်ဖြစ်ကြောင်း
    •        ရမ်းဘရန့်ရဲ့ပန်းချီကားတွေမှာ လူသားဆန်မှုကို ဘယ်လိုပုံဖော်ထားကြောင်း
    •        ဒေးဗစ်ဘရုစ်ရရှိခဲ့တဲ့ဘဝသင်ခန်းစာတွေအကြောင်း