100 Ways to Change Your Life

Liz Moody
  •  16 min
  •  Audio Available

ကျန်းမာပျော်ရွှင်စွာ အသက်ရှင်နေထိုင်ခြင်းက အနုပညာတစ်ရပ် ဖြစ်သလို၊ သိပ္ပံပညာရပ်တစ်ခုလဲ ဖြစ်ပါတယ်။

သင့်ရဲ့ပျော်ရွှင်မှုကို အလွန်ရှုပ်ထွေးတဲ့ စက်ယန္တရားကြီးတစ်ခုအဖြစ် မြင်ယောင်ကြည့်ပါ။ အဲဒီ ရွေ့လျားနေတဲ့ စက်ယန္တရားကြီးထဲမှာ ရွေ့လျားနေတဲ့ အစိတ်အပိုင်းတွေ အများကြီး ပါဝင်ပါတယ်။ လူ့ အဖွဲ့အစည်းနဲ့ ပတ်သက်တဲ့ သဘောထားအမြင်တွေ၊ အိပ်စက်မှု အရည်အသွေး၊ စိတ်ကျန်းမာရေး၊ ကိုယ် ကျန်းမာရေး စသဖြင့် ဆိုပါတော့။ ဒီအစိတ်အပိုင်း အားလုံးကို ဟန်ချက်ညီအောင် ထိန်းသိမ်းထားနိုင်ရင် သင် မရဖူးသေးတဲ့ ပျော်ရွှင်မှုတွေ၊ သင် သတိ မထာမိခဲ့တဲ့ ကြည်နူးမှုတွေ ရရှိနိုင်ပါတယ်။ ပြီးတော့၊ ဘဝရဲ့ စိန်ခေါ် မှုတွေကို ခံနိုင်ရည်အပြည့်နဲ့ ရင်ဆိုင်နိုင်လာပါလိမ့်မယ်။

ဒီလို ရှုပ်ထွေးလှတဲ့ အစိတ်အပိုင်းတွေကို ပြုပြင်တပ်ဆင်နည်း လက်စွဲစာအုပ် ရယ်လို့တော့ မရှိသေးပါဘူး။ ဒါပေမဲ့၊ အချက်အလက်တွေကို အခြေခံထားတဲ့ လေ့လာချက်အချို့ ရှိပါတယ်။ ဒါတွေကို‌ လေ့လာပြီး ဘဝကို ဘယ်လို ပျော်ရွှင်စွာ နေထိုင်ရမလဲ သင်ယူနိုင်ပါတယ်။ ဒီအနှစ်ချုပ်ထဲမှာတော့ နည်းလမ်း တချို့ကို ကောက်နုတ်ဖော်ပြမှာ ဖြစ်ပါတယ်။


    •        ကျန်းမာပျော်ရွှင်တဲ့ ဘဝတစ်ခု ပိုင်ဆိုင်လိုသူတွေ။
    •        ကျန်းမာရေး ပိုမို လိုက်စားလိုသူတွေ။


    •        သင့်ဘဝ တိုးတက်ရေးအတွက် လုပ်နေတဲ့အရာတွေကို ဘာကြောင့် မွေ့လျော်သင့်ကြောင်း။
    •        သွားတွေကို သန့်ရှင်းအောင်ထားခြင်းက ခန္ဓာကိုယ် ကျန်းမာရေးကို ဘယ်လို အထောက်အကူ ပြုနိုင် ကြောင်း။
    •        သင့်ကိုယ်သင် အသက်အရွယ်ကြီးရင့်နေပြီလို့ ဘာကြောင့် မတွေးသင့်ကြောင်း။