The CBT Workbook for Mental Health

Simon Rego & Sarah Fader
  •  16 min
  •  Audio Available

သိစိတ်အမူအကျင့်ကုထုံး သို့မဟုတ် CBT (Cognitive Behavioral Therapy) ဟာ စိတ်ရောဂါ တော်တော်များများအတွက် အထောက်အကူဖြစ်စေပြီး၊ လူတွေရဲ့ဘဝကို ပိုတိုးတက်ကောင်းမွန်အောင် ကူညီ ပေးနိုင်ပါတယ်။ ကျွန်မတို့ဟာ လွဲမှားနေတဲ့ အတွေးအခေါ်တွေကို စနစ်တကျဖြစ်အောင် ပြန်လည် နေရာချ ပေးနိုင်မယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် မကောင်းမြင်နေတာကနေ လွတ်မြောက်နိုင်ပြီး ၊ ဘဝအခက်အခဲတွေကို ပိုကောင်းတဲ့နည်းလမ်းတွေနဲ့ ရင်ဆိုင်ကျော်ဖြတ်လာနိုင်မှာပါ။ CBT မှာ ကိုယ့်ရဲ့ ယုံကြည်မှုကို ပြန်ရှာဖွေခြင်း၊ စိတ်ခွန်အားကို ပြန်ရှာဖွေခြင်း၊ စိုးရိမ်ပူပန်မှုကို ရင်ဆိုင်နိုင်စေခြင်း၊ အလွန်အမင်း စွဲလမ်းမှုတွေကို ထိန်းချုပ် နိုင်စေခြင်း စတာတွေကို ကူညီဖြေရှင်းပေးနိုင်ပါတယ်။ ဒါပေမဲ့လဲ CBTက မှော်ပညာ မဟုတ်တာမို့၊ အချိန် ယူပြီး အားထုတ်ကုသနိုင်ဖို့ လိုအပ်ပါတယ်။ စာရေးသူအနေနဲ့ ၊ အခိုင်အမာ ပြောနိုင်တာတစ်ခုကတော့ ကုသမှု ပြီးသွားရင် ဘဝရဲ့ အတက်အကျဒဏ်ကို ပိုပြီးခံနိုင်ရည်ရှိသွားမယ် ဆိုတာပါပဲ။

    •        စိတ်ပိုင်းဆိုင်ရာ မကျန်းမာသူများ၊
    •        လောကကို စိတ်ကုန်နေသူများ၊
    •        အခက်အခဲတွေအများကြီး ကြုံနေရသူများ။

    •        သိစိတ်အမူအကျင့်ကုထုံး (CBT) အကြောင်း၊
    •        စိုးရိမ်ပူပန်မှုကို ကျော်ဖြတ်နည်းများ၊
    •        လောကဓံကို ရင်ဆိုင်နည်းများ။