The Gift of Failure

Jessica Lahey
  •  25 min
  •  Audio Available

ကျွန်မတို့အနေနဲ့ အလုပ်တစ်ခုကို ပထမဆုံးအကြိမ် လုပ်ရတဲ့အခါမျိုးမှာ အမြဲလိုလို ကျရှုံးတတ်ကြ ပါတယ်။ တကယ်တော့ ကျရှုံးခြင်းဆိုတာ ထူးဆန်းတဲ့ကိစ္စ မဟုတ်ပါ။ ပြောရရင် ကျရှုံးမှုဆိုတာ ကျွန်မတို့ ဘဝတွေ ပိုမိုတိုးတက်ရေးအတွက် အရေးပါတဲ့ အတွေ့အကြုံတစ်ခုပါပဲ။ ဒါပေမယ့် ဒီဘက်ခေတ်ပိုင်းတွေမှာ မိဘတွေဟာ သားသမီးတွေကို ကျရှုံးခွင့် မပေးကြတော့ပါဘူး။

ဒီအချက်က ကျွန်မတို့ထင်တာထက် ပိုဆိုးတဲ့အကျိုးသက်ရောက်မှုတွေကို ဖြစ်စေနိုင်ပါတယ်။ သိဖို့ လိုအပ်တာတွေကို ကလေးတွေကိုယ်တိုင်ကိုယ်ကျ နားလည်အောင်၊ သဘောပေါက်အောင် ကြိုးစားခွင့် မပြုရင် နောက်တစ်ချိန်ဘဝနေထိုင်မှုမှာ လိုအပ်လာမဲ့အရည်အချင်းအားလုံးကို တစ်ခုမှ တတ်မြောက်တော့မှာ မဟုတ်ပါ။ ကလေးကို အလွန်အမင်းထိန်းချုပ်ပြီး သင်ကြားထိန်းကျောင်းမယ် ဆိုရင် အကျိုးရလဒ်က ကျွန်မတို့ မျှော်လင့်ထားတာနဲ့ လုံးဝဆန့်ကျင်ဘက် ဖြစ်လာမှာပါပဲ။


    •        ကလေးရှိတဲ့ မိဘတွေ
    •        ကလေးမိဘ ဖြစ်လာမဲ့သူတွေ
    •        ကလေးစိတ်ပညာကို စိတ်ဝင်စားသူတွေ


    •        ငယ်စဉ်ကတည်းက ကလေးတွေကို အိမ်မှုကိစ္စတွေမှာ ဘာကြောင့် ဝင်ကူခိုင်းသင့်ကြောင်း
    •        ကလေးတွေကို သူတို့ဘာသာ လုပ်တတ်ကိုင်တတ်အောင် ဘာကြောင့်လွှတ်ထားသင့်ကြောင်း
    •        ပြင်ပမက်လုံးတွေပေးပြီး ကလေးတွေကို ဘာကြောင့် မစည်းရုံး၊ မသွေးဆောင်သင့်ကြောင်း