Moving to Outcomes

Robert Glazer & Matthew Wool
  •  18 min
  •  Audio Available

ဈေးကွက်ရှာဖွေရေးသမားတွေဟာ ကြီးမားသည်ထက် ကြီးမားတဲ့ဈေးကွက်ကို အမြဲရှာဖွေလေ့ ရှိပါ တယ်။ ဒီဂျစ်တယ်ဈေးကွက်မှာ အရာအားလုံးက အလျင်အမြန် ပြောင်းလဲနေတာ မဟုတ်ပါလား။ ဒီလို ခေတ်ကြီးမှာ အမှန်တကယ်စိန်ခေါ်မှုက ခေတ်နဲ့အညီ ရင်ဘောင်တန်းနိုင်ဖို့မျှသာ မဟုတ်တော့ဘဲ၊ ခေတ်ရှေ့ ကို ကြိုမြင်တတ်ဖို့၊  မှန်ကန်တဲ့ ဈေးကွက်လမ်းကြောင်းကို ခန့်မှန်းတတ်ဖို့ နဲ့ အမြဲတစေ ပြောင်းလဲနေတဲ့ အနာ ဂတ်အတွက် အမြော်အမြင်ရှိစွာ ရင်းနှီးမြှုပ်နှံမှုပြုလုပ်ဖို့ တို့ ဖြစ်ပါတယ်။  

 သင့်ကိုယ်သင် ငွေကြေးရင်းနှီးမြှုပ်နှံသူတစ်ယောက်အဖြစ် မြင်ယောင်ကြည့်ပါ။ သင် လက်ကိုင်ထား သင့်တဲ့ အဖိုးတန်စည်းမျဉ်းက ဘာဖြစ်မှာပါလဲ။ ဥပမာ၊ “နေရာသုံးလေးခုခွဲပြီး ရင်းနှီးမြှုပ်နှံပါ” ဆိုတဲ့ စည်းမျဉ်း ဆိုပါစို့။ ဒီနည်းက စတော့ရှယ်ယာနဲ့ စာချုပ်တွေကို ကန့်သတ် မထားပါဘူး။ ပြီးတော့ ဈေးကွက် ရှာဖွေရေးမှာပါ တန်းတူ အသုံးချနိုင်တဲ့ စည်းမျဉ်း ဖြစ်ပါတယ်။ 

ဈေးကွက်ရဲ့ မျှော်လင့်မထားတဲ့စိန်ခေါ်မှုတွေကို ကြိုတင်ကာကွယ်နိုင်ဖို့ဆိုရင် နေရာခွဲပြီး ရင်းနှီးမြှုပ်နှံ သင့်ပါ တယ်။ ဒီလိုပဲ ဈေးကွက်ရှာဖွေရေးသမားတွေကလဲ ဒီဂျစ်တယ်ခေတ်ရဲ့ သက်သောင့်သက်သာ ဇုန် (Comfort zone) ထဲက ခုန်ထွက်ဖို့ လိုပါတယ်။ ဒီအချက်က ဒီစာအုပ်ရဲ့ အဓိက ဆိုလိုရင်းပါ။ ကြော်ငြာ လောကကို လွှမ်းမိုးထားတဲ့၊ လူသိများတဲ့ ဒီဂျစ်တယ်ပုံစံမှာ ရင်းနှီးမြှုပ်နှံခြင်းက စတော့ရှယ်ယာတွေကို တည်ငြိမ်စေပြီး၊ သင့်ကို စိတ်ချမ်းသာစေတယ် ဆိုပေမဲ့ ဒီနည်းက ပုံမှန်ထက် အကျိုးအမြတ် ပို မရနိုင်ပါဘူး။ 


    • ဈေးကွက် ချဲ့ထွင်ဖို့ ကြိုးစားနေသူတွေ။ 
    • မိတ်ဖက်ဈေးကွက်ရှာဖွေနည်းကို စမ်းသပ် အသုံးပြုလိုသူတွေ။ 



    • သေးငယ်တဲ့ ကုန်အမှတ်တံဆိပ်တွေမှာ ဘယ်လို အားသာချက်တွေ ရှိကြောင်း။ 
    • မိတ်ဖက်ဈေးကွက်ရှာနည်းကြောင့် ဘယ်လို အကျိုးကျေးဇူးတွေ ရရှိနိုင်ကြောင်း။ 
    • ကျွမ်းကျင်သူတွေနဲ့ လက်တွဲ အလုပ်လုပ်ခြင်းက ဘယ်လို ထိရောက်မှု ပေးနိုင်ကြောင်း။