Learned Excellence

Eric Potterat & Alan Eagle
  •  18 min
  •  Audio Available

ပြောင်းလဲတိုးတက်မှုနှုန်း မြန်ဆန်တဲ့ခေတ်ကြီးမှာ သင့်ရဲ့ဘဝနယ်ပယ်အသီးသီးအတွက် ထူးချွန်အောင်မြင် ခြင်းကို ရရှိဖို့ဆိုရင် စိတ်ပိုင်းဆိုင်ရာကျင့်ဝတ်စည်းကမ်းတွေကို လိုက်နာဖို့ လိုအပ်ပါတယ်။ ဒါမှသာ သင့်အတွက် ရေရှည်အောင်မြင်မှုကို ရရှိနိုင်မှာပါ။ သင်က အိုလံပစ်ကစားသမားတစ်ယောက် ဖြစ်ချင်သလား၊ နိုင်ငံပေါင်းစုံမှာ အခြေစိုက်ထားတဲ့ကုမ္ပဏီကို ဦးဆောင်လိုသူလား ဒါမှမဟုတ် မိဘတစ်ယောက်၊ ဇနီးတစ်ယောက်၊ ခင်ပွန်းတစ် ယောက်၊ ကျောင်းသားတစ်ယောက်အနေနဲ့ တစ်ခုခုကိုထူးချွန်အောင် ကြိုးစားချင်သူလား။ သင့်အနေနဲ့ စိတ်ပိုင်း ဆိုင်ရာ ကျင့်ဝတ်စည်းကမ်းတွေကိုသာ နားလည်အသုံးချတတ်မယ်ဆိုရင် အလုပ်ခွင်မှာရော၊ ကိုယ်ရေးကိုယ်တာ ကိစ္စတွေမှာပါ ထူးထူးကဲကဲအောင်မြင်လာပါလိမ့်မယ်။ 

တကယ်တော့ ထူးချွန်အောင်မြင်မှုဆိုတာ အလုပ်ကြိုးစားမှုတစ်ခုတည်းနဲ့ ရနိုင်တဲ့အရာ မဟုတ်ပါ။ သင့် ကိုယ်သင် နက်နက်နဲနဲနားလည်ခြင်း၊ ဘဝရဲ့လိုအပ်ချက်တွေကို ဗျူဟာကျကျဖြေရှင်းနိုင်ခြင်း စတဲ့ အရည်အချင်း တွေလည်း ရှိဖို့ လိုအပ်ပါတယ်။ ဒီစာအုပ်ထဲမှာ ကျွန်မတို့ လိုက်နာသင့်တဲ့စိတ်ပိုင်းဆိုင်ရာ ကျင့်ဝတ်စည်းကမ်း ၅ ခု ကို ဖော်ပြထားပါတယ်။ ဘဝမှာ ထူးချွန်အောင်မြင်နိုင်ဖို့ ဒီအချက် ၅ ချက်ဟာ အဓိကကျောရိုးမဏ္ဍိုင်ကြီးများ ဖြစ်ပါ တယ်။ ဒီ ၅ ချက်ကို လိုက်နာခြင်းဖြင့် သင့်ကိုယ်သင် အရင်ကထက် ပိုပြီးမှန်မှန်ကန်ကန် ဆင်ခြင်သုံးသပ် လာနိုင် မယ်။ လောကဓံတရားတွေကို အရင်ကထက် ပိုပြီးတောင့်ခံနိုင်လာမယ်။ ဘဝကို ဟန်ချက်ညီညီ လျှောက်လှမ်းရင်း အကောင်းဆုံးလုပ်ဆောင်ချက်တွေကို ဆောင်ရွက်နိုင်သူတစ်ယောက်ဖြစ် လာပါလိမ့်မယ်။ 


    • ဘဝကို ရည်ရွယ်ချက်မရှိဘဲ ဖြတ်သန်းနေသူတွေ 
    • စွမ်းဆောင်ရည် မြင့်မားလိုသူတွေ 
    • ဘဝရဲ့အခက်အခဲတွေကြားက ရှင်သန်လွတ်မြောက်လိုသူတွေ


    • အောင်မြင်မှုကိုရရှိဖို့ဆိုရာမှာ ဆင်ခြင်သုံးသပ်မှုက ဘယ်လောက်ထိ အရေးပါကြောင်း 
    • လောကမှာ သင် ထိန်းချုပ်လို့ရတဲ့ အရာ ၃ ခု ရှိကြောင်း 
    • “၄၄၄၄” နည်းစနစ်က စိတ်နဲ့ခန္ဓာကို ဘယ်လိုအားပြန်ဖြည့်ပေးနိုင်ကြောင်း